ဝက်လက်၊ ရုံးပင်ကုန်းရွာ လေယာဥ်ဗုံးကြဲခံရလို့ ၄ ဦးသေဆုံး

0 64
0 64

ဝက်လက်၊ ဩဂုတ် ၂၈၊ ၂၀၂၅။

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်အရှေ့တောင်ခြမ်းက ရုံးပင်ကုန်းကျေးရွာကို စစ်ကော်မရှင်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ဒေသခံ ၄ ဦး သေဆုံးပြီး ၆ ဦးဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေဆီကသိရပါတယ်။

ဩဂုတ် ၂၇ ရက် ယမန်နေ့ညနေ ၅ နာရီကျော်မှာ တိုက်လေယာဥ် ၁ စီးဟာ ရုံးပင်ကုန်းကျေးရွာကို ဗုံးကြဲချတိုက်ခိုက်ခဲ့ရာ ကျေးရွာ ရေကန်အနီး၊ ဆေးရုံနဲ့ နေအိမ်တွေပေါ်ကို ဗုံးကျရောက်ပေါက်ကွဲခဲ့တာလို့ ဆိုပါတယ်။

“လေယာဉ်နဲ့ မတ္တရာဘက်က ဟောင်ဝစ်ဇာတွေက တပြိုင်တည်းလိုလိုလာတာ။ လေယာဉ်ကလည်း ရော့ကတ်အကြီး၊ အသေးတွေနဲ့ပစ်တယ်။ ပြီးမှ စက်လတ်နဲ့ ကုတ်သွားတာ” လို့ ရုံးပင်ကုန်းရွာဒေသခံတဦးက ပြောပါတယ်။

လေကြောင်းကနေ ဗုံးကြဲခံရတာကြောင့် နေအိမ်အတွင်းရှိနေတဲ့ အသက် ၅၀ ကျော်အရွယ် ဒေါ်စန်း၊ ဆေးရုံမှာရှိနေတဲ့ အသက် ၄၅ နှစ် ဦးအောင်မြင့်စန်းနဲ့ နောက်ထပ်အမျိုးသား ၂ ဦး စုစုပေါင်း ၄ ဦး သေဆုံးပြီး ၆ ဦးဒဏ်ရာရခဲ့ကာ လေကြောင်းတိုက်ခိုက်ခံရတာကြောင့် ရွာခံတွေလည်း ဘေးလွတ်ရာတိမ်းရှောင်နေကြတယ်လို့ သိရပါတယ်။

ယခုလအတွင်း စစ်တပ်က ဝက်လက်မြို့နယ်ကို လေကြောင်းတိုက်ခိုက်မှုဆက်တိုက် ပြုလုပ်နေပြီး ဩဂုတ် ၁၁ ရက် ကလည်း အမှတ် ၃ ခရိုင်ချင်းဆက်လမ်း(ဗျူဟာလမ်း)ကို စစ်တပ်က လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့လို့ ကားသမားတွေအပါအဝင်ပြည်သူ ၇ ဦး သေဆုံးကာ ၁၀ ဦးကျော်ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။

စာတည်း – မြတ်

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။