အသင်းသမိုင်းတလျှောက် ပထမဆုံး အဓိကဆုဖလားအဖြစ် FA Cup ရယူနိုင်ခဲ့တဲ့ ခရစ္စတယ်ပဲလေ့စ် (အားကစားသတင်း)

0 4
0 4

မြေလတ်အသံ၊ မေ ၁၈၊ ၂၀၂၅။

ဗိုလ်စွဲဖို့ရေပန်းစားနေတဲ့ မန်ချက်စတာစီးတီးကို အနိုင်ယူပြီး ခရစ္စတယ်ပဲလေ့စ်ဟာ အသင်းသမိုင်းတလျှောက် ပထမဆုံး အဓိကဆုဖလားအဖြစ် FA Cup ရယူနိုင်ခဲ့ပြီဖြစ်ပါတယ်။

ပွဲစကတည်းက တိုက်စစ်ဆင်ကစားခဲ့တဲ့ မန်စီးတီးတိုက်စစ်ကို အကောင်းဆုံးတုန့်ပြန်နေရင်း ပွဲကစားချိန် ၁၆ မိနစ်မှာ တန်ပြန်တိုက်စစ်ကနေ အဇီးရဲ့သွင်းဂိုးနဲ့ ခရစ္စတယ်ပဲလေ့စ်တို့ ဦးဆောင်နိုင်ပါတယ်။

ပွဲကစားချိန် ၃၆ မိနစ်မှာ မန်ချက်စတာစီးတီးကို ပင်နယ်တီခွင့်ပြုခဲ့ရပြီး တိုက်စစ်မှူး အိုမာမာမွတ်ရှ်ရဲ့ ကန်သွင်းမှုကို ဂိုးသမား ဟန်ဒါဆန် ကာကွယ်နိုင်ခဲ့တဲ့အပြင် ပွဲချိန်တလျှောက် အထူးလက်စွမ်းပြမှုတွေကြောင့် မန်စီးတီးတို့ ချေပဂိုးတောင် ပြန်မသွင်းနိုင်ခဲ့ဘဲ ၁ ဂိုး ဂိုးမရှိ ရလဒ်နဲ့ ရှုံးနိမ့်ခဲ့တာပါ။

မန်ချက်စတာစီးတီးအသင်းဟာ နောက်ဆုံး ၃ နှစ်ဆက်တိုက် FA Cup ဗိုလ်လုပွဲတက်ရောက်နိုင်ခဲ့ပေမယ့် ၂၀၂၂-၂၀၂၃ တကြိမ်ပဲ ဖလားရယူနိုင်ခဲ့ပြီး ဒီရာသီ ဗိုလ်လုပွဲရှုံးပွဲကြောင့် ၂၀၁၆ -၂၀၁၇ နောက်ပိုင်း ပထမဆုံး ဖလားလက်မဲ့ရာသီနဲ့ တွေ့ကြုံရတာ ဖြစ်ပါတယ်။

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။