နတ်ရေကန်စခန်းကစစ်ကောင်စီတပ်သား ကင်းကျချိန်လက်နက်တွေယူပြီးဘက်ပြောင်းခိုလှုံ

0 24
0 24

ငဖဲ၊ ဇူလိုင် ၁၄၊ ၂၀၂၅။

မကွေးတိုင်း၊ ငဖဲမြို့နယ်၊ နတ်ရေကန် ကာကင်းစခန်းကုန်းက စစ်ကောင်စီတပ်သား ၁ ဦး လက်နက်၊ ခဲယမ်းတွေနဲ့ ဘက်ပြောင်းခိုလှုံလာတယ်လို့ အမှတ် ၁ စစ်ဒေသ ပြည်သူ့ကာကွယ်ရေး တပ်မတော် သရက်ခရိုင် အမှတ် ၄ တပ်ရင်း သတင်းနဲ့ ပြန်ကြားရေးတာဝန်ခံ ကိုမြတ်က ပြောပါတယ်။

ဘက်ပြောင်းခိုလှုံလာသူဟာ အသက် ၂၄ နှစ်အရွယ်တပ်သားကိုမောင်ဖြစ်ပြီး ဇူလိုင်ဒုတိယပတ်အတွင်း နတ်ရေကန်ကာကင်းစခန်းရောက်ရှိလာကာ ကင်းကျနေစဥ် ဇူလိုင် ၁၃ ရက်မှာ ကာကွယ်ရေး တပ်ဖွဲ့တွေဆီထွက်ပြေးခိုလှုံလာတာလို့ဆိုပါတယ်။

“သူကတော့ မတရားစစ်မှုထမ်းဖို့အတွက်ပေါ်တာဆွဲခံရတာ၊ အဲ့အတွက်ကို ဒါ သူအခွင့်အရေးရတဲ့အခါ ပြန်ပြီးတော့လူထုဘက်ကိုကူးပြောင်းလာတာပေါ့။ လက်ရှိ သူကတော့ကျနော်တို့အဖွဲ့ထဲမှာ ရှိနေပြီးတော့ စစ်ကောင်စီကို သူနိုင်တဲ့အားနဲ့ ဆက်လက်တွန်းလှန်မယ် တော်လှန်မယ်ပေါ့” လို့ သတင်းနဲ့ပြန်ကြားရေးတာဝန်ခံ ကိုမြတ်ကပြောပါတယ်။

သရက်မြို့နယ်ဇာတိဖြစ်သူကိုမောင်ဟာ အခုအနှစ်မေလက သရက်မြို့မှာသွားလာနေရင်း စစ်ကောင်စီတပ်တွေရဲ့ ပေါ်တာဆွဲဖမ်းဆီးခံရပြီးနောက် ရှမ်းပြည်နယ်တောင်ပိုင်း၊ ကျိုင်းတောင်းမြို့အခြေစိုက် အမှတ် ၃ တပ်မတော်တန်းမြင့်လေ့ကျင့်ရေးကျောင်းမှာ စစ်မှုထမ်းသင်တန်း ၂ လခွဲတက်ရောက်ခဲ့ပြီး နတ်ရေကန် ကာကင်းစခန်းကိုရောက်ရှိလာတာလို့ ဆိုပါတယ်။

သူနဲ့အတူ MA1 ၁ လက်၊ MA ကျည်ဘောက် ၃ ခု၊ 5.56 ကျည် ၁၀၀ တောင့်၊ အီကွေ့မန့် ၁ ခု ပါဝင်လာတာကြောင့် ကျပ်သိန်း ၃၀ ချီးမြှင့်ထားတယ်လို့ ကိုမြတ်ကဆက်ပြောပါတယ်။

၂၀၂၁၊ စစ်အာဏာသိမ်းချိန်ကနေ ၂၀၂၅၊ ဇူလိုင်အထိ သရက်ခရိုင် အမှတ် ၄ တပ်ရင်းဆီကို ဘက်ပြောင်းခိုလှုံလာသူ စုစုပေါင်း ၃ ဦးရှိပြီလို့ သိရပါတယ်။

စာတည်း – လင်း

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

by MLAT 26 views

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။