စစ်သားချင်း ရန်ဖြစ် ပစ်ခတ်လို့ ၁ ဦးသေဆုံး

0 6
0 6

စစ်ကိုင်း၊ ဖေဖော်ဝါရီ ၁၆၊ ၂၀၂၃။

စစ်ကိုင်းတိုင်း၊ ကနီမြို့ပေါ်မှာ စစ်ကောင်စီတပ်သား ၂ ဦး ကင်းလှည့်ချိန် ရန်ဖြစ်စကားများရာမှ အချင်းချင်းပစ်ခတ်မှုဖြစ်ပြီး တပ်သားတဦး သေဆုံးသွားတယ်လို့ ‌ဒေသခံတွေဆီက သိရပါတယ်။

ဖေဖော်ဝါရီလ ၁၅ ရက်ည ၇ နာရီလောက်မှာ စစ်ကောင်စီတပ်သား ၂ ဦးဟာ ကင်းလှည့်နေရင်း ကနီမြို့ အမှတ်(၃)ရပ်ကွက် မြန်မာစီးပွားရေးဘဏ်အနီးက အစိုးရသစ်စက်ဝန်းအတွင်းမှာ အချင်းချင်း ပစ်ခတ်မှု ဖြစ်ပွားခဲ့တယ်လို့ ကနီမြို့ခံ အမျိုးသမီးတဦးက မြေလတ်အသံကို ပြောပါတယ်။

“အာဏာသိမ်းချိန်ကစလို့ မြို့ကိုအစောင့်ယူထားတဲ့ သူတွေပါရှင့်၊ အချင်းချင်း ကင်းလှည့်ရင်း နောက်ကနေ ပစ်တာပါ။ သူတို့က ကနီထွေအုပ်ရုံးမှာ အထိုင်ထားပါတယ်” လို့ ဆိုပါတယ်။

ပစ်ခတ်ခံရသူ အသက် ၃၀ နှစ်အရွယ် တပ်သား ဖိုးကြယ် (ခေါ်) အောင်တိုးထွန်းဟာ ဖေဖော်ဝါရီလ ၁၆ ရက် ဒီကနေ့မနက်ပိုင်းက ကနီပြည်သူ့‌ဆေးရုံမှာ ဆေးကုသမှုခံနေရင်း သေဆုံးသွားခဲ့ပြီး၊ ကျန်တပ်သားတဦးကတော့ လက်နတ်ယူပြီး ထွက်ပြေးသွားတယ်လို့ အထက်ပါ ဒေသခံအမျိုးသမီးက ဆက်ပြောပါတယ်။

“သေဆုံးတာက ကနီဆေးရုံမှာ ဆေးကုသရင်း ဒီနေ့မနက်ခင်း ၄ နာရီက သေဆုံးသွားတယ်။ နေ့လည် ၁ နာရီလောက်သင်္ဂြိုဟ်တယ်။ သေဆုံးမှုကို မြို့ပေါ်ကနေ စုံစမ်းသိရှိရတာပါ” လို့ ဆိုပါတယ်။

စစ်ကောင်စီတပ်သား ဖိုးကြယ် (ခေါ်) အောင်တိုးထွန်း သေဆုံးမှုနဲ့ပတ်သက်ပြီး ကနီမြို့ထဲမှာ စစ်ဆေးမှုတွေ ပြုလုပ်နေကြောင်းနဲ့ ထွက်ပြေးလွတ်မြောက်နေတဲ့ တပ်သားတဦးကိုလည်း အခုချိန်ထိ ပြန်လည်ဖမ်းဆီးလို့ မရသေးဘူးလို့လည်း သိရပါတယ်။

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။