ချောင်းဦး ထွေအုပ်ရုံးနဲ့ရဲစခန်း ဒရုန်းနဲ့တိုက်ခိုက်ခံရ

0 4
0 4

စစ်ကိုင်း၊ ဖေဖော်ဝါရီ ၁၂၊ ၂၀၂၃။

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို၊ မြို့မရပ်ကွက်ရှိ ချောင်းဦးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးနဲ့ မြို့မရဲစခန်း ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခံခဲ့ရတယ်လို့ သိရပါတယ်။

ဖေဖော်ဝါရီလ ၁၁ ရက်နေ့လည် ၂ နာရီ၀န်းကျင်မှာ ထွေအုပ်ရုံးကို ဗုံး ၈ လုံး၊ ရဲစခန်းကို ဗုံး ၂ လုံးချ တိုက်ခိုက်ခဲ့တယ်လို့ Chaung U Revolution တာဝန်ရှိသူက ပြောပါတယ်။

“စုစုပေါင်း ၁၀ လုံးပေါ့ နှစ်နေရာ ခွဲချတာ။ အကုန်ပေါက်တယ်။ ရဲစခန်းနဲ့ထွေအုပ်က ကပ်လျက်ဘဲ။ နှစ်နေရာစလုံးမှာ စကစ တပ်သားတွေလည်းရှိနေတယ်။ ဝန်ထမ်းတွေကော စကစ၊ ရဲကော ထိခိုက်တာရှိတယ်။ သူတို့ရုံးနေရာတွေမှာ jumper တွေတပ်ထားတော့ ကျနော်တို့ဘက်က ဒရုန်းတွေမလာနိုင်ဘူးဆိုပြီး ပေါ့ပေါ့နေကြတာ။ အဲဒါကို ကျနော်တို့ဘက်က ရအောင်လုပ်ခဲ့ကြတာ ဖြစ်တယ်”လို့ ပြောပါတယ်။

ဒရုန်းနဲ့ဗုံးချတိုက်ခိုက်ခံရလို့ ထွေအုပ်ဝန်ထမ်း ၃ ဦးထိခိုက်ဒဏ်ရာရသလို စစ်ကောင်စီတပ်သားတွေဘက်က ထိခိုက်သေဆုံးတာတွေလဲ ရှိခဲ့ပေမယ့် စာရင်းအတိအကျမရဘူးလို့ ဆိုပါတယ်။

ထွေအုပ်ရုံးနဲ့ရဲစခန်းကို ဒရုန်းနဲ့တိုက်ခိုက်ခံရချိန်မှာ စစ်ကောင်စီတပ်သားတွေ ဘက်က ဒရုန်းတွေကို ပစ်ခတ်တာတွေလုပ်ခဲ့ပေမယ့် အပြင်ကိုထွက်ပြီး ပစ်ခတ်တာတော့ မရှိဘူးလို့ သိရပါတယ်။
အဲဒီတိုက်ခိုက်မှုကို CHU PDF၊ Maung Special People!s Defence Force တို့က ပူးပေါင်းတိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။

၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလ ၂၄ ရက်ကလည်း ချောင်းဦးမြို့မရဲစခန်းကို CHU PDF ဘက်က ဝင်ရောက်တိုက်ခိုက်ခဲ့ရာ ရဲ ၂ ဦးထိခိုက်သေဆုံးခဲ့သေးတယ်လို့ သိရပါတယ်။

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။