ပခုက္ကူမှာ တိုက်ပွဲဖြစ်နေလို့ ကျေးရွာ ၁၀ ကျော်က ဒေသခံတွေ ထွက်ပြေးနေရ

0 3
0 3

မကွေး၊ ဖေဖော်ဝါရီ ၁၁၊ ၂၀၂၃။

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်က စစ်ကောင်စီရဲ့ တိရစ္ဆာန်မွေးမြူရေးနဲ့ လေ့ကျင့်ရေးအမှတ် (၁) တပ်ကို ဖေဖော်ဝါရီလ ၁၁ ရက် ဒီကနေ့မနက် ၇ နာရီမှာ ပခုက္ကူအခြေစိုက် မဟာမိတ်တပ်ပေါင်းစု ဒေသကာကွယ်ရေးတပ်(MCKC PDF)မှ ဝင်ရောက်တိုက်ခိုက်ခဲ့ရာကနေ နှစ်ဘက်အပြန်အလှန် ပစ်ခတ်မှုဖြစ်ခဲ့တာကြောင့် အနီးကျေးရွာတွေက ဒေသခံတွေ ထွက်ပြေးတိမ်းရှောင်ခဲ့ရတယ်လို့ သိရပါတယ်။

တိုက်ပွဲကြောင့် အနီးပတ်ဝန်းကျင်ကျေးရွာ ၁၂ ရွာမှ ဒေသခံ ၂ သောင်းခန့် ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ အမည်မဖော်လိုတဲ့ ဒေသခံတဦးက ပြောပါတယ်။

“ရွာက ရွာကြီးတွေများတယ်။ စစ်တပ်ထဲက မီးခိုးတွေ ငါးနေရာလောက်က တက်လာတာ တွေ့ရတယ်။ ကျွန်းချောင်းဓါတ်မြေသြဇာစက်ရုံဘက်ကလည်း သေနတ်သံတွေ ကြားနေရတယ်။ ခုထိဖြစ်နေတုန်းပဲ” လို့ ဆိုပါတယ်။

ဒါ့အပြင် အထက်ပါတပ်စခန်းနဲ့ ၂ မိုင်လောက်ဝေးတဲ့ ကျွန်းချောင်းဓါတ်မြေသြဇာစက်ရုံ (ကျွန်းချောင်းလျှပ်စစ်ဓါတ်အားပေးစက်ရုံ) ဘက်ကလည်း သေနတ်သံတွေ ဆက်တိုက်ထွက်ပေါ်လာနေတယ်လို့လည်း အထက်ပါဒေသခံက ပြောပါတယ်။

“အရင်ကဆိုရင် စကစက စစ်ကြောင်းထိုးတာ တိုက်တာ။ အခုက PDF တွေက ဝင်ရောက်တိုက်ခိုက်နေတာ။ အခုတိုက်ခိုက်ခံနေရတဲ့တပ်က အရင်က BPI ဆေးဝါးထုတ်လုပ်ရေးတပ်လို့ ခေါ်တယ်။ နှစ်ဘက်ထိခိုက်မှုတော့ မသိရသေးဘူး” လို့ ဆိုပါတယ်။

သိမ်တော်၊ ညောင်နီပင်၊ ညောင်လှ၊ အိုင်ကြီး၊ ကံကြီးစု၊ ပေါက်တော၊ မြို့စိုး၊ သီရိလေး၊ ငှက်ပျောတော၊ ငွေသောင်၊ ချမ်းသာကြီး နဲ့ ဆယ်လံရွာက ဒေသခံတွေ ထွက်ပြေးတိမ်းရှောင် နေကြရတာပါ။

လက်ရှိမှာလည်း စစ်ကောင်စီဘက်က အဲ့ဒီဒေသတဝိုက်ကို လေကြောင်းသုံး တိုက်ခိုက်မှုတွေ လုပ်နေတယ်လို့ သိရပြီး နောက်ဆက်တွဲ အခြေအနေတွေကိုတော့ မြေလတ်အသံက ဆက်လက်စုံစမ်းနေဆဲ ဖြစ်ပါတယ်။

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

by MLAT 26 views

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။