စစ်ကောင်စီ ယမ်းချက်စက်ရုံ တိုက်ခိုက်ခံရလို့ အဆောက်အဦးပျက်စီးပြီး သေဆုံးမှုရှိနိုင်

0 2
0 2

ငဖဲ၊ ဖေဖော်ဝါရီ ၉၊ ၂၀၂၃။

မကွေးတိုင်း၊ ငဖဲမြို့နယ်အ​တွင်းက စစ်ကောင်စီရဲ့ ကာကွယ်ရေးပစ္စည်းစက်ရုံကို ဖေဖေါ်ဝါရီလ ၉ ရက် ဒီမနက်အစောပိုင်းက လက်နက်ကြီးတွေနဲ့ တိုက်ခိုက်ခဲ့တယ်လို့ PRA မကွေးက သတင်းထုတ်ပြန်ခဲ့ပါတယ်။

အမှတ် ၁၄ ကာကွယ်ရေးပစ္စည်းစက်ရုံရှိ ယမ်းချက်စက်ရုံကို ဒီနေ့မနက်အစောပိုင်း ၁ နာရီလောက်က ၁၀၇ မမ ရှော့တိုက်ဒုံး ၂ လုံး RPG ၁ လုံးတို့နဲ့ တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

“စက်ရုံနဲ့ မီတာ ၁၀၀ အကွာအဝေးက ပစ်ခတ်ခဲ့တာပါ။ အဆောက်အဦး ထိခိုက်ပျက်စီးမှုကို အတည်ပြုလို့ရပါတယ်။ အဆောက်အဦးတွေ ထိခိုက်မဲ့ အနေအထား ရှိပါတယ်။ သေဆုံးမှု အနေအထားကတော့ အဆောက်အဦးအတွင်းက စစ်သားတွေ ထိခိုက်သေဆုံးမှု ရှိနိုင်တယ်ဆိုတာလောက်ပဲ ကြားသိရတယ်။ အရေအတွက်တော့ ဆက်လက်စုံစမ်းတုန်းပဲ” လို့ PRA မကွေးရဲ့ တာဝန်ခံက ပြောပါတယ်။

စစ်ကောင်စီဘက်က ပြန်ပစ်ခတ်မှုမရှိပဲ ၃ နာရီအကြာလောက်ရောက်မှသာ ကွင်းဆင်းစစ်ဆေးတာကို မြင်တွေ့ခဲ့ရတယ်လို့ သူက ဆက်ပြောပါတယ်။

ဒီတိုက်ခိုက်မှုမှာ PRA မကွေးရဲ့ဟောလုံနဲ့ မောလုံစစ်ကြောင်းတို့ ပူးပေါင်းတိုက်ခိုက်ခဲ့ပြီး ထိခိုက်မှုမရှိ ဆုတ်ခွာနိုင်ခဲ့တယ်လို့ သိရပါတယ်။

မကွေးတိုင်း ငဖဲမြို့နယ်ထဲက အမှတ် ၁၄ ကာကွယ်ရေးပစ္စည်းစက်ရုံမှာ စစ်သည်အင်အား ၃၀၀ ခန့်နဲ့ လုပ်ငန်းလည်ပတ်နေတယ်လို့ ဆိုပါတယ်။

ဇန်နဝါရီလ ၁ ရက် မနက်ကလည်း ငဖဲမြို့နယ် ဂုတ်ကြီးရွာနဲ့ မြေလတ်ရွာကြားမှာ စစ်သားတွေ လိုက်ပါလာတဲ့ကားကို ပဒေသာမိုင်းနဲ့ တိုက်ခဲ့သလို ပြီးခဲ့တဲ့ နိုဝင်ဘာလ ၁ ရက်ကလည်း ငဖဲမြို့နယ် ဂုတ်ကြီးရွာ ရဲစခန်းက လုံခြုံရေးကင်းစစ်ကြောင်းကို တိုက်ခိုက်ခဲ့လို့ ရဲတဦး သေဆုံးခဲ့ပါသေးတယ်။

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

by MLAT 26 views

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။