စစ်ကောင်စီဘက်က လက်နက်ကြီးနဲ့ပစ်လို့ ပြည်သူ ၁ ဦးထိခိုက်ဒဏ်ရာရ

0 5
0 5

စစ်ကိုင်း၊ ဖေဖော်ဝါရီ ၄၊ ၂၀၂၃။

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့နယ်၊ ပုဏ္ဏာကြီးကျေးရွာမှာ စစ်ကောင်စီဘက်က လက်နက်ကြီးရမ်းသမ်းပစ်လို့ ပြည်သူ ၁ ဦးထိခိုက်ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။

ဖေဖော်ဝါရီလ ၄ ရက်ဒီမနက် ၈ နာရီဝန်းကျင်မှာ ချပ်သင်းကျေးရွာဘက်ကနေလာတဲ့ စစ်သားနဲ့ ပျူ ဆယ်ဂဏန်းကျော်ဟာ ပုဏ္ဏားကြီးရွာဘက်ကိုရောက်လာပြီး လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ရမ်းသမ်းပစ်ခတ်ခဲ့တာလို့ ကျွန်းလှ−ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့ – ကန့်ဘလူခရိုင်မှ တာဝန်ရှိသူက ပြောပါတယ်။

“သူတို့က တိုက်ပွဲမရှိဘဲ ရွာဘက်ကိုရောက်လာပြီး အကြောင်းမဲ့ပစ်ခတ်ခဲ့တာဖြစ်ပါတယ်။ စကစ ဘက်က PDFတွေကြောင့် ရွာတွေကိုပစ်တာထက် သူတို့စိတ်ထဲမှာက ပြည်သူလို့ကိုမမြင်တော့တာ။ ဒီဘက်ခြမ်းက ဘယ်ရွာဖြစ်ဖြစ် ဒီလိုဘဲ လက်နက်ကြီးတွေနဲ့ ရမ်းသမ်ပစ်နေတာ” လို့ ပြောပါတယ်။

စစ်ကောင်စီဘက်က ပစ်ခတ်တဲ့လက်နက်ကြီးထိမှန်လို့ ပုဏ္ဏားကြီးကျေးရွာထဲက အသက် ၆၀ ကျော်အရွယ်အမျိုးသား ၁ ဦးဟာ ညာဘက်နားအနောက်ဘက်မှာ လက်နက်ကြီးစမှန် ဒဏ်ရာရသွားတယ်လို့ ဆိုပါတယ်။

လက်ရှိအချိန်မှာတော့ ဒဏ်ရာရသူကို ကျေးရွာအစီအစဥ်နဲ့စောင့်ကြည့်နေပြီး စိုးရိမ်ရပါက နီးစပ်ရာဆေးရုံကို ပို့ဆောင်ဖို့ စီစဥ်ထားတယ်လို့ သိရပါတယ်။

စစ်ကောင်စီစစ်ကြောင်းက လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ရမ်းသမ်းပစ်နေလို့ ပုဏ္ဏားကြီး၊ ဦးကင်းကြည်နဲ့ ကံကြီးရွာ သုံးရွာမှ ပြည်သူ ၁ထောင်ကျော် အိုးအိမ်စွန့်ခွါပြီး ဘေးလွတ်ရာထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ဆိုပါတယ်။

ဇန်နဝါရီလ ၃၁ ရက်ကလည်း စစ်ကောင်စီအင်အား ၁၅၀ လောက်ဟာ ညောင်ဇင်ကြီးကျေးရွာကိုရောက်လာပြီး နေအိမ်တွေကို အကြောင်းမဲ့မီးရှို့လို့ ညောင်ဇင်ကြီး၊ မဲသည်၊ အင်းလည်ကြီး၊ ပေလည် ကျေးရွာတွေအပါအဝင် ကျေးရွာပေါင်း ၈ ရွာက ဒေသခံတွေဟာ ထွတ်ပြေးခဲ့ရသေးတယ်လို့ သိရပါတယ်။

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။