11 July 2026 2:33 AM

တနှစ်ကျော်သည်ထိ လက်လုပ်တွေနဲ့သာတိုက်ပွဲဝင်နေရတဲ့ ကန့်ဘလူလင်းယုန်နီအဖွဲ့

0 1
0 1

စစ်ကိုင်း၊ ဇန်နဝါရီ ၂၅၊ ၂၀၂၃။

စစ်ကိုင်းတိုင်း၊ ကန့်ဘလူနယ်အခြေစိုက် ကန့်ဘလူ လင်းယုန်နီအဖွဲ့ဟာ တနှစ်ကျော်ကြာသည်အထိ လက်လုပ်သေနတ်တွေနဲ့သာ စစ်ကောင်စီတပ်တွေကိုတိုက်ခိုက်နေရတယ်လို့ တပ်ဖွဲ့တာဝန်ရှိသူက ပြောပါတယ်။

ပြီးခဲ့တဲ့နှစ်နိုဝင်ဘာလ ၆ ရက်မှာ ကန့်ဘလူမြို့နယ်၊ လွှဲဆိပ်ကျေးရွာက မိုင်တဲတာဝါတိုင်ကို မိုင်းဆွဲတိုက်ခိုက်ခဲ့တာနဲ့ စတင်ခဲ့တာလို့သိရပါတယ်။

“ဆန္ဒပြပွဲတွေ ရပ်နားပြီးကတည်းက လက်နက်ကိုင်တော်လှန်ရေးကို စတင်ခဲ့တာပါ။ အခုအချိန်အထိတော့ လက်လုပ်တတောင့်ထိုး၊ လက်နက်ကြီးမိုင်းတွေနဲ့သာ တိုက်ပွဲဝင်ခဲ့တာပါ။ မောင်းပြန်အစစ်သာရရင်တော့ ဒီထက်ပိုပြီး တိုက်ပွဲတွေဖော်ဆောင်နိုင်မှာဖြစ်တယ်လို့” လင်းယုန်နီကန့်ဘလူအဖွဲ့မှ ဗိုလ်လင်းယုန်ကပြောပါတယ်။

ပြည်သူလူထုရဲ့လှူဒါန်းမှုနဲ့ ရပ်တည်လာတာဖြစ်ပြီး၊ ဒီထက်ပိုပြီး အဖွဲ့အစည်းတခုခုက အကူအညီရပါက စစ်ဆင်ရေးတွေကို ပိုပြီးလုပ်နိုင်မှာဖြစ်တယ်လို့ သူကဆက်ပြောပါတယ်။

သူတို့အဖွဲ့ဟာ လက်နက်တွေမိုင်းတွေကို ကိုယ်တိုင်ထုတ်လုပ်ခဲ့တာဖြစ်ပြီး အဓိကအားဖြင့်မိုင်းတွေနဲ့သာ တိုက်ပွဲဖော်ဆောင်နေတာလို့ သိရပါတယ်။
ဒါ့အပြင် စတင်ဖွဲ့စည်းချိန်ကတည်းက အခုအချိန်ထိ ဆယ်နဲ့ချီတဲ့စစ်ဆင်ရေးတွေကိုလုပ်ခဲ့ပြီး၊ အခုနှစ်ဇန်နဝါရီလ ၁ ရက်ကနေ ၂၃ ရက်အတွင်းမှာလည်း စစ်တပ်ကြံစိုက်ခင်း ကွင်းအမှတ် − ၉ က စစ်ဆေးရေးဂိတ်နဲ့ ကန့်ဘလူမြို့နယ်က ပျူစောထီးအများစုနေထိုင်တဲ့ ယောရွာ၊ ငါတို့ရွာ၊ ဇာဒီရွာ၊ ချောင်းကန်ရွာ၊ နတ်အင်းရွာ၊ ညောင်းကိုင်းရွာ၊ စပါယ်နံ့သာရွာနဲ့ ညောင်ဇင်လေးရွာတို့ကို စုစုပေါင်း ၁၀ ကြိမ်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။