စစ်ကောင်စီက ရွာမှာတပ်မစွဲရလို့ ပြည်သူ ၁ ဦးကိုသတ်ပြီး နေအိမ်တွေကိုမီးရှို့သွား

0 1
0 1

စစ်ကိုင်း၊ ဇန်နဝါရီ ၁၈၊ ၂၀၂၃။

စစ်ကိုင်းမြို့နယ်၊ မင်းကွန်းတိုက်နယ်၊ ထုံးဘိုရွာကို ဇန်နဝါရီ ၁၇ ရက်နေ့မှာ တပ်စွဲဖို့လာတဲ့ စစ်ကောင်စီတွေ တိုက်ခိုက်ခံရလို့ တပ်မစွဲခဲ့ရတာကြောင့် ပြည်သူ ၁ ဦးကိုသတ်ပြီး နေအိမ်တွေကို မီးရှို့သွားခဲ့တယ်လို့ သိရပါတယ်။

အင်အား ၁၀၀ ခန့်ရှိတဲ့စစ်ကောင်စီတပ်သားတွေက အိမ်ခြေ ၅၀၀ ခန့်ရှိတဲ့ ထုံးဘိုရွာကို ပစ်ခတ်ဝင်လာချိန် ကာကွယ်ရေးတပ်ဖွဲ့တွေက ခုခံပြန်တိုက်ခဲ့တာကြောင့် ကျေးရွာသားတွေ ထွက်ပြေးချိန်ရခဲ့ပေမယ့် ဘုန်းကြီးကျောင်းကို ဆွမ်းဂျိုင့်ပို့ဖို့သွားနေသူ ၁ ဦးကို သတ်ပြီး ဘုန်းကြီးကျောင်းအပါအဝင် လူနေအိမ် ၁၀ လုံးကျော်မီးရှို့ ထွက်သွားတယ်လို့ မတ္တရာမြို့နယ်နဂါးနီပြောက်ကျားတပ်ဖွဲ့ တာဝန်ခံကိုသားငယ် ကပြောပါတယ်။

“ရွာမှာ ပကဖ တွေပြောက်ကျားတပ်‌ဖွဲ့တွေရှိတော့ လမ်းအတိုင်းမလာပဲ တောထဲကနေ အလစ်၀င်ပြီး ပစ်၀င်၀င်လာပါတယ်ဗျ။ ဒါကိုကျနော်တို့တွေက လက်နက်ငယ်တွေ၊လက်နက်ကြီးတွေနဲ့တိုက်ခိုက်ခဲ့တယ်။ မနက်ကနေညနေအထိတိုက်ခိုက်ခဲ့လို့ စကစတွေရွာမှာ မနေနိုင်ခဲ့ဘဲပြန်ထွက်သွားခဲ့တယ်။ ကျနော်တို့က ရွာမှာရှင်းလင်းရေးတွေလုပ်နိုင်ခဲ့တယ်” လို့ဆိုပါတယ်။

အသတ်ခံရသူမှာ အသက် ၄၀ ကျော်အရွယ် အမျိုးသားဖြစ်ပြီး စစ်ကောင်စီတွေကသူ့ကို ပစ်သတ်ပြီး ဘုန်းကြီးကျောင်းဆောင်တွေနဲ့အတူ မီးရှို့ထားခဲ့ကြတာဖြစ်တယ်လို့ ကိုသားငယ်က ဆက်ပြောပါတယ်။

“သူတို့သတ်သွားတာက ခြေတွေလက်တွေအရင်ဖြတ်ပြီးမှ မီးရှို့သတ်တယ်လို့ ယူဆရပါတယ်ဗျ။ ဘုန်းကြီးကျောင်းကို ဆွမ်းဂျိုင့်ပို့သွားတဲ့လူပါ သူကဆိုင်ကယ်နဲ့ပါဗျ။ သူ့ဆိုင်ကယ်နေရာကနေ မီးရှို့တဲ့နေရာကို ဝါယာကြိုးနဲ့ချည်ပီးဆွဲသွား‌ပါတယ် ‌သွေးတွေက အတန်းလိုက်ကြီးဗျ ပြီးမှ ဘုန်းကြီးကျောင်းကိုရော မီးရှို့ပစ်ခဲ့တာပါ” လို့ ဆိုပါတယ်။

ဒီစစ်ကောင်စီတွေက ကျေးရွာထဲမှာတပ်စွဲဖို့လာခဲ့တဲ့ ရည်ရွယ်ချက်က မင်းကွန်းမှာ ဘုရားထီးတင်ပွဲကို စစ်ကောင်စီအကြီးကဲတွေလာရောက်မှာဖြစ်လို့ နယ်မြေရှင်းလင်းတဲ့သဘောနဲ့ ဝင်ရောက်လာခဲ့ကြတာဖြစ်ပြီး ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေက ရွာမှာတပ်မစွဲနိုင်အောင် ပြန်လည်ခုံခံတိုက်ခိုက်ခဲ့တာ ဖြစ်တယ်လို့သိရပါတယ်။

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

by MLAT 26 views

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။