27 July 2026 6:45 AM

ချောင်းဦးမှာ ရွာလှည့်မီးရိူ့နေတဲ့စစ်ကောင်စီတပ်နဲ့ပျူတွေကို PDFက မိုင်းဆွဲ တိုက်ခိုက်

0 1
0 1

စစ်ကိုင်း၊ ဒီဇင်ဘာ ၂၉၊ ၂၀၂၂။

စစ်ကိုင်းတိုင်း ချောင်းဦးမြို့နယ်ထဲမှာ ရွာစဥ်လှည့်မီးရိူ့နေတဲ့ စစ်တပ်နဲ့ပျူစောထီးတွေကိုဒီနေ့ ဒီဇင်ဘာလ ၂၉ ရက်နေ့ မနက် ၁၁နာရီလောက်က စောင့်ကြိုပြီးမိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ Eagle Brothers Revolution Force အဖွဲ့တာဝန်ခံက ပြောပါတယ်။

မုံရွာဘက်ကနေ ရေကြောင်းနဲ့လာတဲ့ စစ်တပ်နဲ့ပျူစောထီးအင်အား ၈၀ လောက်ကို ပဒေသာမိုင်းနဲ့ တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

“သူတို့ကမနေ့က ၂၈ ရက်မနက်ကတည်းက တောကျောင်းလေးရွာကစပြီး နဂါးဗိုလ်ရွာကို မီးရိူ့တာ ကျနော် တို့က ကုန်းသာရွာအဝင်မှာ ပဒေသာမိုင်း ၃ လုံးနဲ့ခွဲခဲ့တာပါ “လို့ Eagle Brother Revolution Force.KUG-တပ်ခွဲ ၁ တာဝန်ရှိသူက ပြောပါတယ်။

ကုန်းသာရွာကိုမီးရိူ့ပြီး စစ်ကောင်စီအဖွဲ့ထွက်သွားချိန်မှာ ရေနဲ့ဆေးပြီး ဖျောက်ထားတဲ့သွေးကွက်နဲ့ အသားစတချို့တွေ့ရတယ်လို့ သူကဆက်ပြောပါတယ်။

လက်ရှိမှာ စစ်ကောင်စီနဲ့ပျူစောထီးတွေဟာ ချောင်းဦးမြို့နယ်က အမြင့်စခန်းမှာ တပ်စွဲနေတယ်လို့ သိရပါတယ်။

ဒီဇင်ဘာ၂၅ရက်ကလည်း ချောင်းဦးမြို့နယ်၊ အမြင့်ရဲစခန်းကိုတိုက်ခိုက်ရာမှာ အခြားမဟာမိတ် အဖွဲ့တွေနဲ့အတူ ပူးပေါင်းတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

ချောင်းဦးမြို့နယ်၊ အမြင့်နဲ့ ကံကြီးကုန်းရွာမှာ စစ်ကောင်စီတပ်ဖွဲ့ ဝင်တွေ ရှိနေသေးလို့ ထွက်ပြေးတိမ်းရှောင်နေတဲ့ ဒေသခံတွေအနေနဲ့ သက်ဆိုင်ရာရပ်ကျေး ပအဖ၊ ပကဖ ဒေသခံ တော်လှန်ရေးအင်အားစုတွေရဲ့ ခွင့်ပြုချက်မရဘဲ မိမိရပ်ရွာတွေကို အရဲစွန့်ဝင်ရောက်တာတွေ မပြုလုပ်ကြဖို့ ချောင်းဦး(ပကဖ)အဖွဲ့က ဒီနေ့ ဒီဇင်ဘာလ ၂၉ ရက်နေ့မှာ မေတ္တာရပ်ခံထုတ်ပြန်ထားပါတယ်။

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။