27 July 2026 3:51 AM

PDF လှုပ်ရှားမှုတွေ စုံစမ်းသတင်းပေးနေသူ သတ်ခံရ

0 3
0 3

မန္တလေး၊ ဒီဇင်ဘာ ၂၄၊ ၂၀၂၂။

မန္တလေးတိုင်း ငါန်းဇွန်မြို့နယ်မှာ PDF တွေရဲ့ လှုပ်ရှားမှုတွေကို စုံစမ်းပြီး စစ်ကောင်စီကို သတင်းပေးနေသူတဦး ဖမ်းဆီးပစ်သတ်ခံလိုက်ရပါတယ်။

ဒီဇင်ဘာ ၂၃ ရက် မနေ့က ည ၈ နာရီကျော်လောက်မှာ ငါန်းဇွန်ရွာသား ဘိဘိ(ခ) ဇင်မျိုးထက်ဆိုသူကို သူ့ရဲ့နေအိမ်မှာပဲ PDF တွေက စစ်ကောင်စီယောင်ဆောင်ပြီး ဝင်ဖမ်းခဲ့တာဖြစ်တယ်လို့ TGYR တပ်ဖွဲ့ဝင်တဦးက ပြောပါတယ်။

“သူသတင်းပေးမှုကြောင့် PDF ရဲဘော် ၂ ဦး ကျသွားတယ်။ ပြီးရင် PDF တွေ လှုပ်ရှားမှုတွေကို စောင့်ကြည့်ပြီး စကစတွေကို သတင်းပြန်ပေးတယ်။ မနေ့ညက သူ့ကို ကျွန်တော်တို့က စကစဟန်ဆောင်ပြီး သွားဖမ်းတယ်။ ကျနော်တို့ကို PDF တွေဆိုတာ သူလုံးဝမသိဘူး။ ရွာပြင်ရောက်မှ PDF ဆိုတာ သူသိတယ်” လို့ ပြောပါတယ်။

ဇင်မျိုးထက်ဟာ စစ်ဆေးမေးမြန်းတာကို အကုန်မဖြေပဲ လိမ်လည်ထွက်ဆိုပြီး သူ့ကို ကြိုးကိုင်နေသူ ဘယ်သူဖြစ်တယ်ဆိုတာကိုသာဖြေပြီး ထွက်ပြေးသွားလို့ ပစ်ခတ်ဖမ်းဆီးရင်း သေဆုံးသွားတယ်လို့ ဆိုပါတယ်။

TGYR ပူးပေါင်းတပ်ဖွဲ့အနေနဲ့ ဇင်မျိုးထက် အပါအဝင် ၃ ဦးကို စွန်ရဲစစ်ဆင်ရေးအဖြစ် ရှင်းလင်းခဲ့ပြီးဖြစ်ကာ အခုတခေါက် ရှင်းလင်းမှုမှာ မာန်စွယ်ကျားပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နဲ့ BHGF Black Hero Guerrilla Force တပ်ဖွဲ့တို့လည်း ပါဝင်တယ်လို့ သိရပါတယ်။

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။