CDM သူနာပြုအမျိုးသမီးတဦးကို စစ်ကောင်စီက ရိုက်နှက်ဖမ်းဆီး

0 1
0 1

မန္တလေး၊ ဒီဇင်ဘာ ၂၃၊ ၂၀၂၂။

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်၊ ရွှေဖောင်ရွာက CDM သူနာပြုအမျိုးသမီးတဦးကို စစ်ကောင်စီတပ်က ဒီဇင်ဘာ ၂၂ ရက် မနေ့ကညနေ ၄နာရီလောက်မှာလာရောက် ဖမ်းဆီးသွားတယ်လို့ သိရပါတယ်။

စစ်ကောင်စီတပ်ဖွဲ့တွေက အိမ်စီးကားတစီးနဲ့ CDM သူနာပြု မချစ်စန္ဒီဦးတို့လင်မယားကို လာရောက်ဖမ်းဆီ;ချိန် အမျိုးသားဖြစ်သူမှာ စစ်ကောင်စီတပ်ဖွဲ့တွေကို ဘေးအိမ်ကနေ လှမ်းမြင်တာကြောင့် ထွက်ပြေးတိမ်းရှောင်နိုင်ခဲ့ပေမဲ့လည်း မချစ်စန္ဒီဦးကိုတော့ စစ်ကောင်စီတပ်ဖွဲ့က ရိုက်နှက်ဖမ်းဆီးသွားတယ်လို့ ဆိုပါတယ်။

“ဒလန်သတင်းပေးလို့ အဖမ်းခံရတယ်လို့ ယူဆပါတယ်။ ဘာလို့လဲဆိုတော့ ဓာတ်ပုံနဲ့အတိအကျလာတာ ယောင်းမဖြစ်သူ မြို့ကိုသွားတာကအစ မေးတယ်။ သူတို့လာဖမ်းတဲ့အချိန် ရပ်ကွက်ထဲကို လူတယောက်ကို မေးတာမသိလို့ဆိုပြီး ရိုက်နှက်တာတွေပါ လုပ်သွားတယ်။ မချစ်စန္ဒီဦးကို အိမ်ပေါ်တက်ရိုက်နှက်ပြီးတော့ မျက်လုံးကို ပုဆိုးနဲ့စည်းပြီး ဖမ်းခေါ်သွားတယ်” လို့ Patheingyi Information – PIF မှ ပြန်ကြားရေးတာဝန်ခံတဦးက မြေလတ်အသံကို ပြောပါတယ်။

CDM သူနာပြု မချစ်စန္ဒီဦးကို စစ်ကောင်စီတပ်ဖွဲ့တွေက ကျွဲခြံကုန်းရွာဘက်ကို ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ သိရှိရပါတယ်။ မချစ်စန္ဒီဦးဟာ သူမရဲ့အမျိုးသားနဲ့ လက်ထပ်ပေါင်းသင်းနေထိုင်တာဟာ ၄/၅လလောက်သာ ရှိသေးတယ်လို့လည်း ဆိုပါတယ်။

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။