ပေါက်မှာ PDFတပ်ဖွဲ့ဝင်မင်္ဂလာဆောင် လေယာဥ်ဗုံးကြဲခံရလို့ လူ ၂၃ ဦးထက်မနည်း သေဆုံးပြီး ၁၀ ဦးကျော် ဒဏ်ရာရ

0 4
0 4

ပေါက်၊ ဖေဖော်ဝါရီ ၂၅၊ ၂၀၂၅။

ဒိန်းဂျားဟိန်းစံ

မကွေးတိုင်း၊ ပေါက်မြို့နယ်အပိုင် ပေါက်နဲ့မြိုင်အစပ်ရှိ ဆုံကုန်းရွာဘုန်းကြီးကျောင်းမှာ ပြုလုပ်တဲ့ မြိုင်ပကဖတပ်ဖွဲ့ဝင် ၁ ဦးရဲ့မင်္ဂလာဆောင် လေယာဥ်ဗုံးကြဲခံရလို့ လူ ၂၃ ဦးထက်မနည်းသေဆုံးပြီး ၁၀ ဦးကျော် ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေနဲ့ ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေထံက သိရပါတယ်။

အဆိုပါဘုန်းကြီးကျောင်းကို ဖေဖော်ဝါရီ ၂၅ ရက် ဒီကနေ့ မနက် ၁၀ နာရီခန့်မှာ တိုက်လေယာဥ်နဲ့ ပေါင် ၃၀၀ ဗုံး ၁ လုံး ၊ ၁၀ နာရီခွဲခန့်မှာ တိုက်လေယာဥ်ပါ ရော့ကတ်ဒုံး ၄ လုံးနဲ့ ၂ ကြိမ် ဗုံးကြဲပစ်ခတ်တိုက်ခိုက်ခဲ့တာလို့ မြိုင်မြို့နယ်PDFတာဝန်ခံ ဗိုလ်လက်ယာက ပြောပါတယ်။

မြေပြင်အခြေအနေကို သိရှိထားတဲ့ မြိုင်မြို့ခံတဦးကလည်း ဗုံးကြဲတိုက်ခိုက်ခံရတာကြောင့် မင်္ဂလာဆောင်ပွဲမှာရှိနေတဲ့ လူ ၂၃ ဦးအထိ သေဆုံးထားပြီး ၁၀ ဦးကျော် ဒဏ်ရာရထားတယ် လို့ပြောပါတယ်။

“ လောလောဆယ် သေဆုံး ၂၃ ဦးရှိပြီ “ လို့ ၎င်းက ပြောပါတယ်။

လက်ရှိမှာ သေဆုံးနဲ့ဒဏ်ရာရသူတွေကို ကောက်ယူကာ ဆေးရုံပို့တာတွေ လုပ်ဆောင်နေဆဲဖြစ်လို့ သေဆုံးသူတွေဟာ ဘယ်သူဘယ်ဝါတွေဆိုတာတော့ မသိရသေးဘူးလို့ ဆိုပါတယ်။

လေကြောင်းဗုံးကြဲခံရတဲ့နေရာဟာ မြိုင်နဲ့ပေါက်နယ်အစပ်ရှိ ရေနံမှော်တွေအနီးကကျေးရွာဖြစ်ပြီး စစ်ကောင်စီက ဒေသအချို့မှာ နိုင်ငံပိုင်သယံဇာတပစ္စည်းတွေ တူးဖော်သုံးစွဲနေမှုကို လိုအပ်သလိုတိုက်ဖျက်မယ်လို့ ၎င်းတို့ထိန်းချုပ်မီဒီယာတွေကနေတဆင့် ဖေဖော်ဝါရီ ၂၀ ရက်မှာ ထုတ်ပြန်လာပြီးတဲ့နောက် ရေနံမှော်အနီးကျေးရွာတွေကို လေကြောင်းတိုက်ခိုက်မှုပြုလုပ်လာတာလည်း ဖြစ်ပါတယ်။

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။