10 July 2026 4:02 PM

သာယာဝတီ ခလရ(၃၅)တပ်က စစ်ကောင်စီတပ်သား ၁၀ ဦးသေဆုံး ၁၄ ရက်နေ့ မုန့်ဟင်းခါးနဲ့ ရက်လည်ဆွမ်းသွပ်မယ်

0 6
0 6

ပဲခူး၊ စက်တင်ဘာ ၁၁၊ ၂၀၂၂။

ပဲခူးတိုင်း(အနောက်ခြမ်း)၊ သာယာဝတီမြို့၊ သာယာအေးရွာအခြေစိုက် ခလရ ၃၅ တပ်ရင်းက စစ်ကောင် စီတပ်ဖွဲ့ဝင် ၁၀ ဦး စက်တင်ဘာလ ၈ ရက်နေ့ကဖြစ်ပွားခဲ့တဲ့ ရှမ်း(တောင်ပိုင်း)၊ မိုးဗြဲ မြို့နယ်အတွင်း တိုက်ပွဲတွေမှာ သေဆုံးခဲ့ပြီး ၆ ဦး ဒဏ်ရာပြင်းထန်ခဲ့တယ်လို့ ခလရ ၃၅ တပ်နဲ့နီးစပ် သူတွေဆီက သိရပါတယ်။

သေဆုံးခဲ့တဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ ခလရ ၃၅ တပ်က လူပျိုစစ်သည် ၅ ဦး၊ အိမ်ထောင်သည် စစ်သည် ၅ ဦး ဖြစ်ပြီး လာမယ့် စက်တင်ဘာလ ၁၄ ရက်နေ့မှာ မုန့်ဟင်းခါးနဲ့ ရက်လည်ဆွမ်း သွပ်ပြုလုပ်မယ်လို့သိရပါတယ်။

“သေကုန်ပြီဆိုတာသိတဲ့ ၉ ရက်နေ့ထဲက ၃၅ တပ်ထဲမှာ ကာလတွေပျက်နေတာ။ ဆူညံလို့ ငိုကြတာ။ ၆၆ က ကယားဘက်မှာ တအားကျတယ်။ သူတို့ ၃၅ တင် ၁၀ ယောက်ပါတယ်။ ရဲဘော်သစ် ၇ ယောက် အဟောင်းက ၃ ယောက်ကျတာ။ ဒဏ်ရာပြင်းထန်တာက အရာရှိ ၁ ယောက်အပါ ၆ ယောက်။ သေသွားတဲ့သူတွေအတွက် ၁၄ ရက်နေ့ရက်လည်လုပ်မှာ” လို့ ခလရ ၃၅ တပ်နဲ့ နီးစပ်တဲ့သာယာဝတီမြို့ခံတဦးက ပြောပါတယ်။

သာယာဝတီအခြေစိုက် ခလရ ၃၅ တပ်ဟာ အင်းမမြို့အခြေစိုက် တပ်မ ၆၆ လက်အောက်ခံတပ်ရင်း တခုဖြစ်ပြီး တပ်မ ၆၆ ဟာ ရှမ်းပြည်နယ်(တောင်ပိုင်း)နဲ့ ကရင်နီ(ကယား)ပြည်နယ်မှာ ဝင်ရောက်နေတဲ့ တိုက်ခိုက်ရေးတပ်မတခုဖြစ်ပါတယ်။

ခလရ ၃၅ တပ်က တပ်ရင်းမှူးဟာ ဒုဗိုလ်မှူးကြီးလွှမ်းမိုးနိုင် ဆိုသူဖြစ်ပြီး တပ်ရင်းမှူးကတော့ ထိခိုက်တာမျိုး မကြားရသေးဘူးလို့ သူကဆက်လက်ပြောပါတယ်။

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုးဗြဲဒေသမှာ စက်တင်ဘာလ ၈ ရက်နေ့ကစလို့ စစ်ကောင်စီတပ်နဲ့ ဒေသ ကာကွယ်ရေးတပ်တွေ တိုက်ပွဲတွေပြင်းထန်နေတာဖြစ်ပြီး စစ်ကောင်စီဘက်ထိခိုက်သေဆုံးမှုများနေလို့ လေကြောင်းပစ်ကူပေးနေရတာဖြစ်ပါတယ်။

စက်တင်ဘာလ ၈ ရက်နေ့တရက်ထဲမှာတင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၀ ကျော် သေဆုံးခဲ့ပြီး လက်နက် ခဲယမ်းအများအပြားသိမ်းဆည်းရမိထားတယ်လို့ ကရင်နီ ပူးပေါင်းတပ်ဖွဲ့တွေဘက်ကထုတ်ပြန်ထားပြီး အဲ့ဒီသေဆုံးမှုတွေမှာ သာယာဝတီ ခလရ ၃၅ တပ်က ၁၀ ဦးပါဝင်ခဲ့တာလို့သိရပါတယ်။

တပ်မ ၆၆ ဟာ ကရင်နီပြည်နယ်မှာ တိုက်ခိုက်ရေးဝင်ရောက်နေတာ ၁ နှစ်ကြာရှိပြီဖြစ်ပြီး တပ်ရင်းမှူး အဆင့်အပါအဝင် ထိခိုက်ကျဆုံးမှုများနေလို့ စစ်ခေါင်းဆောင်တွေက စက်တင်ဘာလဆန်းပိုင်းကမှ တပ်မမှူးအပြောင်းအလဲပြုလုပ်ခဲ့တာဖြစ်ပါတယ်။

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။