10 July 2026 3:04 PM

ပုဏ္ဏားကျွန်းဒေသခံတဦး ဝါးခုတ်ပြီးအပြန် မိုင်းနင်းမိလို့ ခြေတဖက်ဆုံးရှုံး

0 0
0 0

မြေလတ်အသံ၊ စက်တင်ဘာ ၈၊ ၂၀၂၂။

ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်၊ ကွမ်းအုံစု ကျေးရွာမှ အမျိုးသားတဦး ယနေ့စက်တင်ဘာ ၈ရက် ညနေ ၄နာရီကျော်အချိန်တွင် ဝါးခုတ်ပြီးပြန်လာစဉ် မိုင်းနင်းမိကာ ခြေထောက်တဖက်ပြတ်ထွက်သွားခဲ့သည်ဟု သိရသည်။

မိုင်းထိမှန်ခဲ့သူမှာ ဦးဘရွှေ ၄၁နှစ် ဖြစ်ပြီး ၎င်းမှာ ကျေးရွာ၏အနောက်ဖက်ရှိ တောင်တန်းမှ ဝါးခုတ်ပြီး ကျေးရွာသို့ပြန်အလာတွင် မိုင်းနင်မိကာ ပေါက်ကွဲမှုဖြစ်သွားသဖြင့် ညာဖက်ခြေထောက် ပြတ်သွားရခြင်းဖြစ်သည်ဟု သားမက်ဖြစ်သူ ကိုဆန်းလင်းကပြောသည်။

“ဒဏ်ရာကတော့ ခြေထောက်ခြေချင်းဝတ်အောက်က ပြတ်သွားတာပါ။ ခန္ဓာကိုယ်အနှံ့မှာတော့ မိုင်းစတွေဝင်သွားတယ်။ အခုတော့ ယိုးတရုတ်ဆေးရုံကို ပို့ထားတယ်။ သိပ်တော့မစိုးရိမ်ရဘူး”ဟုဆိုသည်။

ဩဂုတ် ၁၃ရက်နေ့တွင်လည်း ဗုဒ္ဓေါကျေးရွာအနီးရှိ တောင်တန်းပေါ်တွင် နွားရှာနေစဉ်မိုင်းပေါက်ကွဲမှုဖြစ်၍ ဒေသခံ ၄ဦး ဒဏ်ရာရရှိသွားခဲ့သည်ဟု သိရသည်။

အလားတူ ပြီးခဲ့သည့် ဩဂုတ် ၅ရက်နေ့တွင်လည်း စစ်ကောင်စီက စခန်းချထားသည့် မင်းပြားမြို့နယ်ရှိ ရာမောင်တောင်တန်းပေါ်တွင် မိုင်းပေါက်ကွဲမှုဖြစ်၍ အမျိုးသားတဦး ခြေတဖက်ပြတ်သွားခဲ့သည်။

ရခိုင်ပြည်နယ်၌ ပေါက်ကွဲမှုဖြစ်‌နေသည့်မြေမြုပ်မိုင်းများမှာ စစ်ကောင်စီတပ်မှ ထောင်သည့်မိုင်း များဖြစ်ကြသည်ဟု ဩဂုတ် ၁၁ရက်နေ့ သတင်း စာရှင်းလင်းပွဲတွင် AA၏ ပြောရေးဆိုခွင့်ရှိသူ ခိုင်သုခကပြောဆိုခဲ့သည်။

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။