စစ်ဆေးရေးဂိတ်မှာ ရပ်မပေးတဲ့ကားကို ပစ်ခတ်တားဆီးခံရ၊ အရာရှိကားဟုဆို

0 1
0 1

ပဲခူး၊ စက်တင်ဘာ ၈၊ ၂၀၂၂။

ပဲခူးတိုင်း(အနောက်ခြမ်း)သဲကုန်းမြို့နယ် ရန်ကုန်-ပြည်လမ်း ဝက်ပုတ်တာဆုံအနီးမှာ စက်တင်ဘာ ၇ ရက် မနေ့ညနေက စစ်ကောင်စီစစ်ဆေးရေးဂိတ်ကို ဝင်လာတဲ့ အိမ်စီးကားတစီး ပစ်ခတ်တားဆီးခံရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ပြည်ဘက်ကနေ ရန်ကုန်ဘက်ကို မောင်းနှင်လာတဲ့ ခဲနက်ရောင် အိမ်စီးကားဖြစ်ပြီး အင်းမစစ်ဆေးရေးဂိတ်မှာ စစ်ဆေးမခံပဲ မောင်းနှင်လာလို့ မနေ့ညနေ ၃နာရီခွဲလောက်မှာ ဝက်ပုတ်တာဆုံ အရောက်မှာ အခုလို ပစ်ခတ်တားစီးခံလိုက်ရတာလို့ ဆိုပါတယ်။

“အရာရှိဗိုလ်မှူး အငြိမ်စားလို့ ပြောတယ် ကားကခဲနက်ရောင် အမျိုးအစားတော့ မသိဘူး အရေးကြီးလို့ ပြန်လာတာတဲ့ အဲဒါကို စစ်ဆေးရေး ဂိတ်ကို ဝင်ဝင်ချင်း ကားဘီးကို ပစ်ဖောက်ပစ်တာ မနေ့က ပြဿနာတွေ တက်နေတာလေ ထပ်ပြီး သိရတာက အဲကားက အင်းမမှာလည်း ရပ်မပေးဘူး ရပ်မပေးတော့ အင်းမဂိတ်ကနေ သတင်းလှမ်းပို့ထားတာလို့ သိရတယ် မနေ့က နောက်ထပ် အရာရှိလို ကားတွေပါ ထပ်ရောက်လာတာ ဂိတ်ကကောင်တွေလည်း တောင်းပန်နေရတယ်” လို့ ဒေသခံတဦးက ပြောပါတယ်။

သေနတ်နဲ့ အနည်းဆုံး သုံးချက်ပစ်ခတ်ခံခဲ့ရပြီး ပျက်စီးသွားတဲ့ လျော်ကြေးငွေကို ပစ်ခတ်ခဲ့တဲ့ ဝက်ပုတ် တာဆုံ စစ်ကောင်စီစစ်ဆေးရေး ဂိတ်ကနေ တောင်းပန်ကာပေးလျော်ရတယ်လို့ ဆိုပါတယ်။

“အဲဂိတ်ကစစ်သားတွေက တောင်းပန်ရုံတင်မကဘူး ငွေလျော်ရတယ်လို့ကြားတယ် သိန်း ၃၀ လောက်လျော်လိုက်ရတယ်လို့ ပြောကြတယ် ပြီးတော့ အဲလူကပြောသေးတယ် လူတွေကြပ်တည်းနေချိန်မှာ ဂိတ်ကနေ ငွေတွေတောင်းနေတာတွေ လုပ်နေတာက အစသိတယ်လို့လည်း ပြောသွားသေးတယ်”လို့ ဒေသနောက်တဦးကလည်း ပြောပါတယ်။

ပစ်ခတ်တားစီးခံရတဲ့ ကားဟာ အငြိမ်းစားဗိုလ်မှူးရဲ့ကား ဟုတ်မဟုတ်ကိုတော့ မြေလတ်အသံ သတင်းဌာနက သီးခြားအတည်ပြုချက် မရရှိသေးပါဘူး။

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။