စစ်ကောင်စီတပ် လက်နက်ကြီးနဲ့ပစ်ခတ်လို့ အမျိုးသမီး ၃ ဦးဒဏ်ရာရ

0 1
0 1

■ အမျိုးသား ၁ ဦးကိုလည်း တော်လှန်ရေးကင်းထောက်ဟုဆိုကာ သတ်ဖြတ်

ရွှေဘို၊ ဖေဖော်ဝါရီ ၂၇၊ ၂၀၂၅။

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ ပန်းရံရွာကနေ ခွန်တောင်းကြီးရွာကိုသွားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ ပျူစောထီးအဖွဲ့ဝင်တွေဟာ ပေါင်းကောက်(ပေါင်းနုတ်)နေတဲ့ ပြည်သူတွေကို လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာကြောင့် အမျိုးသမီး ၃ ဦး ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ဖေဖော်ဝါရီ ၂၅ ရက် မနက် ၁၀ နာရီခန့်မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ ပျူစောထီးအဖွဲ့ဝင် အင်အား ၄၀ ဝန်းကျင်ဟာ ပန်းရံရွာနေ ခွန်တောင်းကြီးရွာဘက်ကိုထွက်ခွာလာချိန် အဲ့ဒီရွာ ၂ ရွာအကြား လယ်ထဲမှာ ပေါင်းကောက်(ပေါင်းနုတ်)နေတဲ့ ပြည်သူတွေကိုတွေ့ရှိပြီး လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာကြောင့် အမျိုးသမီး ၃ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ဆိုပါတယ်။

“ပန်းရံရွာက အကြမ်းဖက်စစ်တပ်နဲ့ပျူတွေက ပန်းရံကနေခွန်တောင်းကြီးရွာကို သွားတာပါ။ လယ်ထဲပေါင်းကောက်နေတာမြင်ရဲ့သားနဲ့ လက်နက်ကြီးနဲ့ပစ်တာ။ အဲ့မှာ ပေါင်းကောက်နေတဲ့သူတွေကိုထိတာ။” လို့ ဒေသခံတဦးက ပြောပါတယ်။

စစ်ကောင်စီတပ်ကပစ်ခတ်တဲ့လက်နက်ကြီးကြောင့် ညောင်ကန်ရွာကပြည်သူတွေဖြစ်တဲ့ မသန္တာထွေး အသက် ၁၆ နှစ်၊ ဒေါ်သန်းသန်းစိုး ၄၀ နှစ်နဲ့ ဒေါ်ပပစိုး ၅၀ နှစ်တို့ လက်နက်ကြီးစထိမှန်ဒဏ်ရာရခဲ့ပြီး မသန္တာထွေးကတော့ စိုးရိမ်ရတဲ့ဒဏ်ရာနဲ့ ဆေးကုသနေရတယ်လို့ သိရပါတယ်။

အဲ့ဒီနေ့ ညနေပိုင်းမှာလည်း ကြွက်ထောင်နေတဲ့ညောင်ကန်ရွာက အမျိုးသား ၁ ဦးကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ဖမ်းဆီးသတ်ဖြတ်ခဲ့သေးတယ်လို့ သူကဆက်ပြောပါတယ်။

“သေတဲ့အမျိုးသားအမည်က တော့မသိပါ။ ကြွက်ထောင်နေတဲ့အမျိုးသား ၁ ယောက်ကို တော်လှန်ရေးအဖွဲ့က ကင်းထောက်လွှတ်တယ်ဆိုပြီး ဖမ်းပြီးသတ်လိုက်တာ။ ကျနော်စုံစမ်းရသလောက်တော့ သေတဲ့သူက ကင်းထောက်မဟုတ်ဘူး” လို့ ၎င်းက ပြောပါတယ်။

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။