7 October 2026 11:23 AM

ရဲဘော်တွေအတွက်လက်နက်လိုနေလို့ အိမ်ထုတ်ရောင်းခဲ့တဲ့ စစ်ဦးစီးချုပ်

0 8
0 8

မကွေး ၊ဇူလိုင် ၁၇၊ ၂၀၂၂။

မကွေးတိုင်းအတွင်း စစ်ကောင်စီကို လက်နက်ကိုင်တော်လှန်နေတဲ့ အဖွဲ့တခုဖြစ်တဲ့ PRA Mgway အဖွဲ့ဟာ မကွေးတိုင်းအတွင်း တိုက်ပွဲတွေမှာ စစ်ကောင်စီအထိနာအောင် တိုက်ခဲ့တဲ့ အဖွဲ့တခုဖြစ်ပါတယ်။

လက်ရှိအဲ့ဒီအဖွဲ့ကို ဦးဆောင်နေတဲ့ တာဝန်ခံတဦးဖြစ်တဲ့ စစ်ဦးစီးချုပ်ဟာကျူလီဟာ သူရဲ့နေအိမ်ကို စစ်ကောင်စီက ချိတ်ပိတ်ထားခဲ့ပေမယ့် တရားမဝင်ချိတ်ပိတ်ထားတာဖြစ်လို့ အဲ့ဒီအိမ်ဟာ သူ့အိမ်ပဲဖြစ်နေသေးတာကြောင့် အဖွဲ့ရံပုံငွေအတွက် အိမ်ကို ရောင်းချနေပါတယ်။

PRA Magway မှာရှိတဲ့ ရဲဘော်တွေအတွက် လက်နက်ခဲယမ်းဖြည့်တင်းဖို့ ရံပုံငွေရရှိမှုနည်းလာတာလည်းဖြစ်လို့ နောက်ဆုံးပိုင်ဆိုင်မှုဖြစ်တဲ့ ချိတ်ပိတ်ထားတဲ့ အိမ်ကို ထုတ်ရောင်းပြီး ရရှိတဲ့ ငွေအားလုံးကို လက်နက်တလက်ရရ ရသလောက်ဝယ်သွားမယ်လို့ ပြောပါတယ်။

“ကျနော့်မှာ ရောင်းစရာ အိမ်တလုံးတော့ ကျန်သေးတယ်ပေါ့နော်၊ လောလောဆယ်တော့ စကစက ချိတ်ပိတ်ထားတယ်ဆိုပေမယ့် ဒါက တရားမဝင်ဘူး၊ သူတို့က လူထုတင်မြှောက်ထားတဲ့ အစိုးရမဟုတ်ဘူး၊ အဲ့အတွက် ကျနော့်အိမ်ကို ကျနော် ပိုင်နေတယ်၊ ကျနော့်မှာ ရောင်းစရာ ဒီအိမ်လေးတလုံးပဲရှိတဲ့အတွက် ဒီအိမ်လေးကို ကျနော် ရောင်းတာပါ” လို့ ပြောပါတယ်။

အဲ့ဒီအိမ်ကို ကြမ်းခင်းစျေး ၁၀သိန်းသတ်မှတ်ထားပြီး အနည်းဆုံး အယောက် ၂၀ လောက်က လေလံဆွဲမယ်ဆိုရင်တော့ အများဆုံးပေးနိုင်တဲ့ သူကို စာချုပ်နဲ့ အသိသက်သေတွေအပါအဝင်အပ်သွားမှာဖြစ်ပြီး တော်လှန်ရေးပြီးတာနဲ့ ချက်ချင်းတက်နေနိုင်မှာဖြစ်တယ်လို့ ဆိုပါတယ်။

“ပေးဆပ်တာတွေ ဘာတွေ ပြောမနေပါဘူး၊ ကျနော် လုပ်နိုင်တဲ့အထဲကနေ လုပ်နိုင်တာ လုပ်တဲ့သဘောပါပဲ၊ အိမ်က ဆင်းရဲတော့ နည်းနည်းတော့ စုတ်တယ်၊ မလိုချင်မှာတော့ စိုးရိမ်ပါတယ်” လို့ PRA မကွေးရဲ့ စစ်ဦးစီးချုပ် ဟာကျူလီက ပြောပါတယ်။

PRA Mgway အနေနဲ့ အမှတ်စဥ် (၂) အထိ စစ်သင်တန်းဆင်းထားပြီး မကြာခင်မှာ အမှတ်စဥ် ၃ စစ်သင်တန်းဆင်းတော့မှာဖြစ်သလို အမှတ်စဥ် ၄ကိုလည်း ဆက်ပြီး ဖွင့်သွားမယ်လို့ သိရပါတယ်။

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။