စစ်ကိုင်းနဲ့မကွေးအပါ ဒေသ ၄ ခုမှာ မိုးကြီးမြေပြိုနိုင်ကြောင်း မိုးဇလသတိပေး

0 3
0 3

မြေလတ်အသံ၊ မေ ၃၀၊ ၂၀၂၅။

၄ ရက်အတွင်း မန္တလေး၊ စစ်ကိုင်း၊ မကွေးနဲ့ ပဲခူးတိုင်းတို့မှာ မိုးသက်လေပြင်းကျပြီး ရေကြီးနိုင်တယ်လို့ မေ ၃၀ ရက် ဒီမနက်မှာ မိုးလေဝသနဲ့ဇလဗေဒဦးစီးဌာနက ထုတ်ပြန်ပါတယ်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ဒါကာမြို့ရဲ့အနောက်တောင်ဘက်မှ ကုန်းတွင်းပိုင်းဒေသတွေကို ဖြတ်ကျော်ခဲ့တဲ့ အားကောင်းတဲ့မုန်တိုင်းငယ် (Deep Depression) ကြောင့် အထက်ပါဒေသတွေမှာ မေ ၃၀ ရက်ဒီမနက် ၉ နာရီကျော်ကနေ ဇွန် ၂ ရက်အထိ မိုးသည်းထန်စွာရွာတာ၊ လေပြင်းတိုက်တာ၊ မိုးထစ်ချုန်းရွာတာ၊ မိုးကြိုးပစ်လျှပ်စီးလက်တာ၊ မိုးသီးကြွေတာတွေဖြစ်နိုင်တယ်လို့ ဆိုပါတယ်။

ဒါ့အပြင်လျှပ်တပြက်ရေကြီးတာ၊ မြေပြိုတာစတဲ့ သဘာဝဘေးအန္တရာယ်တွေလည်းဖြစ်နိုင်တာကြောင့် ကုန်းမြင့်ဒေသအနီးနေထိုင်သူတွေအနေနဲ့ သတိပြုနေထိုင်ဖို့၊ ရေကြောင်း၊ လေကြောင်းသွားလာရေးတွေကိုလည်း ကြိုတင်သတိပြုနိုင်ဖို့ မိုးဇလကသတိပေးထားပါတယ်။

ဒါကြောင့် ကုန်းမြင့်ဒေသအနီး နေထိုင်ကြသူတွေအနေနဲ့ မြေပြိုမှုအန္တရာယ်၊ မြစ်ငယ်၊ ချောင်းငယ်တွေအနီး နေထိုင်ကြသူတွေအနေနဲ့ ရေကြီး၊ ရေလျှံမှုတွေကို ကြိုတင်သတိပြု ရှောင်ရှားနိုင်ရန်နဲ့ ပြည်တွင်း ရေ ကြောင်းသွားလာရေးနဲ့ လေကြောင်း ပျံသန်းရေးအနေနဲ့လည်း ကြိုတင်သတိပြုနိုင်ဖို့ မိုးဇလကသတိပေးထားပါတယ်။

မြစ်ဝကျွန်းပေါ်၊ ရခိုင်ကမ်းရိုးတန်းတလျှောက်နဲ့ ကမ်းလွန်ပင်လယ်ပြင်တို့မှာမကြာခဏ မိုးသက်လေပြင်းကျရောက်ပြီး ရေပြင်၊ မြေပြင်လေဟာ ၁ နာရီကို မိုင် ၄၀ ကနေ ၄၅ မိုင်အထိ တိုက်ခတ်နိုင်သလို လှိုင်းအမြင့်မှာလည်း မြစ်ဝကျွန်းပေါ်၊ ရခိုင်ကမ်းရိုးတန်းတလျှောက်နဲ့ ကမ်းလွန်ပင်လယ်ပြင်တို့မှာ ၁၄ ပေမှ ၁၆ ပေခန့်ရှိနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။

အထက်ပါ အားကောင်းတဲ့မုန်တိုင်းငယ်ဟာ ဒါကာမြို့ရဲ့ အနောက်မြောက်ဘက်မှ ကုန်းတွင်းပိုင်းဒေသတွေကို ဆက်လက်ဖြတ်ကျော်လျက်ရှိတယ်လို့ ထုတ်ပြန်ချက်မှာဖော်ပြပါတယ်။

စာတည်း – လင်း

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။