စစ်ကြောင်းဝင်လို့ ပေါက်ဒေသခံ ၇,၀၀၀ အရေးပေါ်စစ်ရှောင်ရ

0 3
0 3

ပေါက်၊ မေ ၃၀၊ ၂၀၂၅။

မကွေးတိုင်း၊ ပေါက်မြို့နယ်အတွင်း စစ်ကောင်စီတပ်ကစစ်ကြောင်းထိုးဝင်ရောက်နေလို့ ဒေသခံ ၇,၀၀၀ နီးပါး ဘေးလွတ်ရာတိမ်းရှောင်နေရတယ်လို့ ပေါက်မြို့လူသားချင်းစာနာထောက်ထားရေးနဲ့ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးဝန်ကြီးဌာနဆီက သိရပါတယ်။

ပခုက္ကူအခြေစိုက်တပ်မ ၁၀၁ က စစ်ကား ၆ စီး၊ အင်အား ၂၀၀ ပါစစ်ကြောင်းဟာ မေ ၂၉ ရက် ညပိုင်းမှာ ပေါက်မြို့နယ်ထဲဝင်ရောက်လာချိန် ပေါက်-ပခုက္ကူလမ်းဘေးတလျောက်ရှိ ကျေးရွာ ၁၃ ရွာကဒေသခံတွေ တိမ်းရှောင်ခဲ့ကြတာလို့ ဆိုပါတယ်။

“ပေါက်မြို့နယ်အတွင်း ရောက်လာတဲ့စစ်ကြောင်းက ဘယ်ကိုသွားမယ်လို့တော့မသိရဘူး၊ စစ်ကြောင်းကတော့ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေရှိတဲ့နေရာကို ရှောင်သွားကြတာ၊ ထိ‌တွေ့မှုမရှိအောင် တောလမ်းတွေကတိုးလာတာ၊ တွေ့တဲ့လူတွေကိုတော့ ဘာမှရန်မှုခြင်းတော့မရှိဘူး။” လို့ ပေါက်မြို့လူသားစာနာနဲ့ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီးဌာန တာဝန်ရှိသူက ပြောပါတယ်။

လက်ရှိမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ ပေါက်မြို့နယ်၊ ရေပြာကျေးရွာကိုရောက်ရှိနေပြီး ဘယ်ကိုဆက်သွားမယ်ဆိုတာကိုတော့မသိရဘူးလို့ ပေါက်မြို့လူသားစာနာနဲ့ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီးဌာန တာဝန်ရှိသူကပြောပါတယ်။

တိမ်းရှောင်နေရတဲ့ကျေးရွာအမည်တွေကိုတော့ လုံခြုံရေးအရထည့်သွင်းပြောကြားခဲ့တာ မရှိပါဘူး။

‌ပေါက်မြို့နယ်အတွင်းမှ တော်လှန်ရေးတပ်ဖွဲ့ဝင်တဦးကလည်း “ကျနော်တို့ စစ်ကြောင်းလာနေလို့ စောင့်ကြည့်နေပါတယ်၊ လောလောဆယ်တော့ ထိတွေ့မှုတော့ မရှိသေးဘူး။”လို့ ပြောပါတယ်။

အဆိုပါစစ်ကြောင်းဟာ မေ ၂၇ ရက်က ပခုက္ကူတပ်မ ၁၀၁ ကစတင်ထွက်ခွာလာပြီး မေ ၂၈ ရက်မှာ ပခုက္ကူမြို့နယ်၊ ကမ္မမြို့၊ မကျည်းသုံးပင်ရွာကိုဝင်ရောက်ခဲ့ပြီးနောက် မေ ၂၉ ရက်မနက်ပိုင်းမှာ ပြန်ထွက်ခွာလာပြီး ၂၉ ရက်ညမှ ပေါက်မြို့နယ်ထဲကိုဝင်ရောက်လာတာလို့ ဆိုပါတယ်။

ပခုက္ကူမြို့နယ်ထဲကို ဝင်ရောက်ချိန်မှာလည်း Kamma Defence force – KMDF တပ်ဖွဲ့စခန်းကို စီးနင်းမီးရှို့ခဲ့ပြီး စစ်ကြောင်းကြောင့် ဒေသခံထောင်ချီတိမ်းရှောင်ခဲ့ကြရတယ်လို့ သိရပါတယ်။

စာတည်း – လင်း

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။