16 October 2026 6:46 AM

အင်းတကော်မှာ ရာအိမ်မှူးတဦး ပစ်ခတ်ခံရလို့ သေဆုံး

0 5
0 5

အင်းတကော်၊ မတ် ၆၊ ၂၀၂၅။

ပဲခူးမြို့နယ်၊ အင်းတကော်မြို့၊ ကင်းပိုင်ကျုံရွာနဲ့ ကျောက်တန်းရွာသွား လမ်းမပေါ်မှာ ကင်းပိုင်ကျုံရွာရဲ့ရာအိမ်မှူးကို ပစ်ခတ်ခဲ့တယ်လို့ အင်းတကော်မြို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံက သိရပါတယ်။

သေဆုံးသူဟာ ကင်းပိုင်ကျုံရွာနေ အသက် ၅၈ နှစ်ခန့်ရှိ ရာအိမ်မှူး ဦးကျော်ထူးဆိုသူဖြစ်ပြီး မတ် ၅ ရက် နေ့လယ် ၁၂ နာရီခန့်မှာ ကျောက်တန်းရွာဘက်ကနေ ကင်းပိုင်ကျုံရွာဘက်ကို တဦးတည်းဆိုင်ကယ်နဲ့ပြန်လာချိန် ပစ်ခတ်ရှင်းလင်းခဲ့တာလို့ဆိုပါတယ်။

“သူ စစ်မှုထမ်းကြေးကောက်လို့ နေ့လယ်နားချိန် ပြန်လာတာ။ ခေါင်းကိုပဲ နှစ်ချက်ပစ်ခတ်ခဲ့တယ်။ ဘာမှမသိမ်းခဲ့ရပါဘူး။ လမ်းရှင်းတုန်း အမြန်ပြန်ထွက်ရတာမို့ပါ။” လို့ အင်းတကော်မြို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။

သေနတ်နဲ့ဦးခေါင်းကိုပစ်ခတ်ခံရလို့ ဦးကျော်ထူးမှာ နေရာမှာတင်သေဆုံးသွားခဲ့ပြီး အင်းတကော်ပကဖအဖွဲ့ဝင်တွေလည်း ချက်ချင်းပြန်ဆုတ်ခဲ့ရတယ်လို့ ဆိုပါတယ်။

ပစ်ခတ်မှုဖြစ်ပွားပြီးနောက် စစ်ကောင်စီအဖွဲ့တွေရောက်လာကာ လမ်းသွားလမ်းလာတွေကိုစစ်ဆေးတာ၊ ကင်းပိုင်ကျုံရွာအနီးဝန်းကျင်မှာ ရှာဖွေတာတွေ ပြုလုပ်ခဲ့ပြီးနောက် ဦးကျော်ထူးရဲ့အလောင်းကိုကောက်ယူသွားတယ်လို့ ဒေသခံတွေရဲ့သတင်းပေးပို့ချက်အရ သိရတယ်လို့ ဆိုပါတယ်။

ရာအိမ်မှူးဦးကျော်ထူးဟာ ကင်းပိုင်ကျုံရွာအုပ်ချုပ်ရေးမှူးရဲ့ အားကိုးရသူတဦးဖြစ်ပြီး ရပ်ရွာအတွင်း စစ်မှုထမ်းဥပဒေအကြောင်းပြကာ စစ်မှုထမ်းကြေးကို ဆင်းရဲချမ်းသာမရွေး မညှာမတာကောက်ခံတာ၊ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ ရဲတပ်ဖွဲ့ဝင်တွေကိုဦးဆောင်ပြီး ကင်းလှည့်တာ၊ ကျေးရွာအတွင်း ပြဿနာကြီးငယ်တွေဖြစ်ပေါ်လာပါက စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကိုခေါ်ကာ ရှင်းလင်းခိုင်းတာတွေလုပ်ဆောင်နေပြီး ရပ်ရွာနေပြည်သူများက မကျေနပ်လို့လာရောက်တိုင်တန်းပြောလာတာကြောင့် ပစ်ခတ်ရှင်းလင်းခဲ့တာလို့ ဆိုပါတယ်။

၂၀၂၄ ဇူလိုင် ၂၁ ရက်ကလည်း ပဲခူးမြို့နယ်၊ သံစို့ပင်ကျေးရွာအုပ်စု၊ ဝံကိုက်လျှိုကျေးရွာ၊ စလူဆည်အနီးမှာ ကျေးရွာတာဝန်ခံနဲ့ တပည့်ဖြစ်သူတို့ နေအိမ်ကနေဖမ်းဆီး ပစ်သတ်ခံခဲရတယ်လို့ သိရပါတယ်။

စာတည်း – ကိုချမ်း

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။