26 July 2026 6:01 PM

စစ်ကောင်စီနဲ့ ပျူစောထီးတွေရဲ့ ဖိနှိပ်ခံနေရတဲ့ ရွာက ပြည်သူ ၄၀၀ ကျော်ကို PDF တွေကယ်ထုတ်၊ PDF တဦးကျဆုံး

0 1
0 1

မ‌‌ကွေး၊ မတ် ၁၈၊ ၂၀၂၂။

မ‌‌ကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်ထဲက မြောက်ခင်ရန်း‌ကျေးရွာမှာ တပ်စွဲထားတဲ့ စစ်ကောင်စီနဲ့ ပျူစောထီးတွေကို PDF မဟာမိတ်အဖွဲ့တွေ ဝင်ရောက်တိုက်ခိုက်ပြီး ပြည်သူ ၄၀၀ ကျော်ကို ကယ်ထုတ်လာနိုင်ခဲ့တယ်လို့ ဂန့်ဂေါPDF တာဝန်ခံဆီက သိရပါတယ်။

မတ်လ ၁၈ရက် ဒီနေ့ မနက် ၄နာရီဝန်းကျင်မှာ မြောက်ခင်ရန်းရွာထဲကို ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး ပြည်သူတွေကယ်ထုတ်ချိန်မှာ PDF တဦးကျဆုံးပြီး မစိုးရိမ်ရ ဒဏ်ရာ ရရှိသူတဦး ရှိခဲ့တယ်လို့ ဂန့်ဂေါ PDF တာဝန်ခံ ကိုနောင်က ပြောပါတယ်။

“ကျနော်တို့အဖွဲ့တွေဝင်လာတော့ သူတို့ဆုတ်ခွာပြေးပါတယ်၊သူတို့ဆုတ်ခွာသွားချိန်မှာ ရွာထဲမှာရှိနေတဲ့ အရင်ကထွက်ချင်တယ်ပြည်သူတွေကို ကယ်ထုတ်ခဲ့ပါတယ်၊ မနက်လင်းပိုင်းကြတော့ ဟံသာဝတီဘက်ကနေ သူတို့တပ်ကူတွေတက်လာတယ်၊ သူတို့ကတက်လာတဲ့အချိန်မှာ ၁၂၀ မမ နဲ့ စက်သေနတ်တွေနဲ့ ပစ်ဝင်လာကြလို့ ပြန်ဆုတ်လာခဲ့ရတယ်” လို့ ကိုနောင်က ပြောပါတယ်။

အဲ့ဒီရွာမှာ စစ်ကောင်စီက တပ်စွဲထားပြီး ရွာခံ ပြည်သူတွေကို ဖမ်းဆီးနှိပ်စက်တာတွေ၊ နေအိမ်မီးရှို့တာတွေ၊ ပျူစောထီးသင်တန်းတွေအတင်းတက်ခိုင်းပြီး ကင်းစောင့်ခိုင်းတာတွေကို လုပ်နေတာတွေရှိနေတယ်လို့ အကူအညီတောင်းခံလာလို့ အခုလိုသွားပြီးကယ်ထုတ်ခဲ့တာဖြစ်တယ်လို့ ‌ပြောပါတယ်။

ဒီနေ့ ညနေပိုင်းအထိ ပြည်သူ ၄၀၀ ကျော်ကယ်ထုတ်နိုင်ခဲ့ပြီး ကယ်ထုတ်လာတဲ့ ပြည်သူတွေရဲ့ နေအိမ်တွေကို စစ်ကောင်စီက မီးရှို့နေတယ်လို့ သိရပါတယ်။

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။