ညောင်ဦးက အမှုပွဲစားဆိုသူ ပစ်ခတ်ခံရပြီးသေဆုံး

0 7
0 7

ညောင်ဦး၊ မေ ၂၅၊ ၂၀၂၅။

မန္တလေးတိုင်း၊ ညောင်ဦးမြို့နယ်၊ မြေနီကျေးရွာမှာ စစ်ကောင်စီတပ်နဲ့ပေါင်းပြီး အမှုပွဲစားလုပ်နေသူ အမျိုးသား ၁ ဦး ပစ်သတ်ခံရတယ်လို့ ဒေသကာကွယ်ရေးအဖွဲ့ဝင်တွေဆီက သိရပါတယ်။

ပစ်သတ်ခံရသူက မြေနီကျေးရွာနေ အသက် ၅၈ နှစ်အရွယ် ဦးပေါစံဆိုသူဖြစ်ပြီး မေ ၂၄ ရက် နေ့လယ် ၁၂ နာရီခန့်က နေအိမ်မှာထမင်းစားနေချိန် ပစ်ခတ်ခံရတာလို့ ဆိုပါတယ်။

“သူကစစ်တပ်နဲ့ပေါင်းပြီး အမှုပွဲစားလုပ်တာ။ စစ်တပ်က ဖမ်းထားတဲ့သူတွေကို သူက ဘယ်လောက်နဲ့ ပြန်ရွေးရမယ်ဆိုပြီး တယောက်တဝက်စားတာပေါ့။ ပြည်သူတွေနဲ့ ငွေကြေးအရှုပ်အရှင်းကိစ္စတွေ ရှိတယ်။ ထမင်းစားရင်းပစ်ခံရတာလို့ သိရတယ်”လို့ ဖြစ်စဉ်ကိုသိထားတဲ့ ဒေသကာကွယ်ရေးအဖွဲ့ဝင်တဦးက ပြောပါတယ်။

ပစ်ခတ်ခံရတဲ့အတွက် ဦးပေါစံမှာ ဦးခေါင်းကျည်ထိဒဏ်ရာနဲ့သေဆုံးခဲ့ပြီး ဒီပစ်ခတ်မှုကို လုပ်ခဲ့တဲ့အဖွဲ့တွေဘက်ကတော့ ထုတ်ပြန်ကြေညာတာမရှိသေးပါဘူး။

ဧပြီ ၁၉ ရက်ကလည်း ညောင်ဦးမြို့နယ်၊ မြေနီကျေးရွာမှာ ကျေးရွာအုပ်ချုပ်ရေးမှူးနဲ့သမက်ဖြစ်သူတို့ ပစ်သတ်ခံရလို့ သေဆုံးသွားတယ်လို့ သိရပါတယ်။

သတင်း – ကျော်ကြီး၊ စာတည်း – လင်း

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။