ဒီပဲယင်းလေကြောင်းတိုက်ခိုက်မှုကို ရန်ကုန်မှာသရုပ်ဖော် (Photo News)

0 2
0 2

မြေလတ်အသံ၊ မေ ၁၅၊ ၂၀၂၅။

စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်၊ အိုးထိမ်းတွင်းရွာလေကြောင်းတိုက်ခိုက်မှုသရုပ်ဖော်တဲ့ လှုပ်ရှားမှုတခုပြုလုပ်ခဲ့တယ်လို့ Yangon Revolution Force – YRF က မေ ၁၅ ရက်ဒီကနေ့မှာ ထုတ်ပြန်လာပါတယ်။

အဆိုပါ လေကြောင်းတိုက်ခိုက်မှုကို သရုပ်ဖော်တဲ့အနေနဲ့ “သွေးစွန်းသောကျောင်းလွယ်အိတ်နဲ့ ဖတ်စာအုပ်များ” အမည်နဲ့ Yangon Revolution Force – YRF က ရန်ကုန်မြို့တနေရာမှာ လှုပ်ရှားမှုပြုလုပ်ခဲ့ပြီး “စစ်ကောင်စီ၏ လူမဆန်သော လူမျိုးတုံးသတ်ဖြတ်မှု၊ စစ်ရာဇဝတ်မှုအဖြစ် မှတ်တမ်းတင်နိုင်ရန်နဲ့ ကလေးသူငယ်များ၏ စာသင်ကျောင်းအား လေကြောင်းပစ်မှတ်ထားကာ အကြိမ်ကြိမ်တိုက်ခိုက်မှုပြုလုပ်လျက်ရှိနေခြင်းကို ကမ္ဘာနှင့်အဝှမ်း သိရှိနိုးကြားစေရန် ရည်ရွယ်ချက်ဖြင့်” ပြုလုပ်ခဲ့တာလို့ ဆိုပါတယ်။

ဒါ့အပြင် ဖော်ပြထားတဲ့ဓါတ်ပုံတွေဟာ စစ်ကောင်စီတပ်ရဲ့အကြမ်းဖက်တိုက်ခိုက်မှုတွေကြောင့် အသက်ဆုံးရှုံးခဲ့ရတဲ့ ကလေးသူငယ်တွေနဲ့ အနာဂတ်ခရီးကို ဆုံးအောင်မလျှောက်နိုင်ခဲ့တဲ့ ကလေးသူငယ်အားလုံးကို ရည်ရွယ်တယ်လို့လည်း ဖော်ပြထားပါတယ်။

စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်၊ အိုးတိန်တွင်းရွာစာသင်ကျောင်းကို မေ ၁၂ ရက် မနက် ၉ နာရီခွဲလောက်မှာ စစ်ကောင်စီတပ်က တိုက်လေယာဉ်နဲ့ ပေါင် ၅၀၀ ဗုံး ၁ လုံးကြဲချတိုက်ခိုက်ခဲ့လို့ ကျောင်းသားကျောင်းသူ ၂၂ ဦးနဲ့ ဆရာမ ၂ ဦး သေဆုံးခဲ့ပါတယ်။

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။