ပဲခူး၊ စက်တင်ဘာ ၃၊ ၂၀၂၆။
ပဲခူးမြို့နယ်အပိုင် ရန်ကုန်-မန္တလေး အမြန်လမ်း ၃၂ မိုင်အနီးမှာ TikTok ရိုက်နေသူ အမျိုးသမီး တဦးယာဥ်တိုက်ခံရပြီး သေဆုံးခဲ့တယ်လို့ ဖြစ်စဥ်ကို သိရှိထားသူတွေထံက သိရပါတယ်။
စက်တင်ဘာလ ၃ ရက်နေ့မနက် ၉ နာရီခန့်မှာ အဆိုပါ မိုင်တိုင် ၃၂ အနီးနေ ကျေးရွာက သက်လတ်ပိုင်း အမျိုးသမီးတဦးဟာ အမြန်လမ်းမကြီးပေါ် မှာ တက်ပြီး TikTok ရိုက်နေစဥ် ဒိုင်နာယာဥ်တစီးက ဝင်တိုက်မိခဲ့တာလို့ ဆိုပါတယ်။
“ကျောင်းသားမိဘ ကလေးကျောင်းပို့ပြီး ပြန်လာပြီးမှ Tiktok ရိုက်နေရင်းဖြစ်တာ။ ကားသမားက ဟွန်းတီးတာလည်း မကြားဘူးလို့ သိရတယ်။ အဲနားရွာကလို့လည်း သိရတယ်။” လို့ ဖြစ်စဥ်ကိုသိရှိထားသူတဦးက ပြောပါတယ်။
ယာဥ်တိုက်မှုဖြစ်တာကြောင့် အဆိုပါ အမျိုးသမီးက နေရာမှာပင်သေဆုံးသွားပြီး ၃၂ မိုင်အနီး ရဲကင်းက ရဲတပ်ဖွဲဝင်တွေက အလောင်းလာကောက်သွားတယ်လို့ ဆိုပါတယ်။
စက်တင်ဘာလ ၁ ရက်နေ့ကလည်း အဆိုပါ မိုင်တိုင် ၃၂/၀ မိုင်နားမှာပင် လမ်းဖြတ်ကူးသူ လသာကုန်းကျေးရွာနေသူ အမျိုးသမီးကို ဝင်းမှန်လုံယာဥ်က တိုက်မိလို့ သေဆုံးသွားတယ်လို့ သိရပါတယ်။