27 July 2026 10:59 AM

⁨⁩ ⁨စလင်းမှာ လယ်တောသွားတဲ့ တောင်သူတဦး မြေမြှုပ်မိုင်းထိလို့ ခြေထောက်ပြတ်

0 20
0 20

စလင်း၊ ဇူလိုင် ၂၄၊ ၂၀၂၆။

မကွေးတိုင်း၊ စလင်းမြို့နယ်၊ မန်ကျီးပင်ပုကျေးရွာမှာ မိုင်းထိလို့ တောင်သူတဦး ခြေထောက်ပြတ်ခဲ့တယ်လို့ ကူညီဆောင်ရွက်ပေးခဲ့သူတွေထံက သိရပါတယ်။

မိုင်းထိသူဟာ အဆိုပါကျေးရွာနေ အသက် ၃၅ နှစ်အရွယ် ဦးရဲမြင့်ဆိုသူဖြစ်ပြီး ဇူလိူင်လ ၂၃ ရက်နေ့မနက် ၁၁ နာရီကျော်ခန့်မှာ နေအိမ်ကနေ လယ်ကွင်းထဲအသွား ရွာအပြင်လယ်ကွင်းနားမှာ မိုင်းထိခဲ့တာလို့ ဆိုပါတယ်။

“အဲဘက်တွေမှာက နီးစပ်တဲ့နေရာတွေမှာ မိုင်းတွေထောင်ထားတာ ရှိတယ်။ မသွားခိုင်းတဲ့နေရာတွေ ရှိတယ်။ သူကတောင်သူ သွားလာရင်း ထိတာ။ ခြေထောက်တော့ ပြတ်သွားတယ်”လို့ ကူညီဆောင်ရွက်ပေးခဲ့သူတဦးက ပြောပါတယ်။

မိုင်းထိတာကြောင့် ဦးရဲမြင့်မှာ မျက်နှာ၊ လက်နှစ်ဖက်နဲ့ ဘယ်ဘက်ခြေထောက်တို့မှာ ထိခိုက်ဒဏ်ရာရပြီး ခြေကျင်းဝတ်နဲ့ ခြေသလုံးသားတွေမှာ ကြေမွသွားတယ်လို့ ဆိုပါတယ်။

မိုင်းထိလူနာကိုတော့ ဒေသခံတွေက စလင်းကနေတဆင့် မကွေးပြည်သူ့ဆေးရုံကို ပို့ဆောင်လိုက်ပြီး ဘယ်ဘက်ခြေထောက် ဖြတ်လိုက်ရတယ်လို့ သိရပါတယ်။

အဆိုပါအမျိုးသားထိခဲ့တဲ့ မိုင်းကိုတော့ ဘယ်အဖွဲ့တွေက ထောင်ထားတဲ့မိုင်းဆိုတာ အတည်မပြုနိုင်သေးဘူးလို့ ဆိုပါတယ်။

ဖေဖော်ဝါရီလ ၂၆ ရက်နေ့ကလည်း စလင်းမြို့နယ်၊ မြောင်းဘောင်ကျေးရွာအနီး တောစပ်မှာမိုင်းထိလို့ လင်မယား ၂ ဦးဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။