26 July 2026 3:46 PM

⁩ ⁨ကင်းစောင့်နေတဲ့ ပျူစောထီးကို ကွမ်းစားမလားမေးပြီး ပစ်ခတ်ရှင်းလင်း

0 344
0 344

ကန့်ဘလူ၊ ဇူလိုင် ၂၄၊ ၂၀၂၆။

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ဇာဒီကျေးရွာအနောက်ဘက်လမ်းပေါ်မှာ တဦးတည်းကင်းစောင့်နေတဲ့ ပျူစောထီးကို ကွမ်းစားမလားမေးပြီး ပစ်ခတ်ရှင်းလင်းခဲ့တယ်လို့ ကန့်ဘလူခရိုင်ပကဖ လှုပ်ရှားတပ်ဖွဲ့ ဒုတပ်ရင်းမှူး ဗိုလ်ပိုင်ချဲထံက သိရပါတယ်။

ဇူလိုင်လ ၂၄ ရက်နေ့မနက် ၈ နာရီခန့်မှာ ကျေးရွာအဝင်အနောက်ဘက်မှာ ကင်းတဲ့ပေါ်မှာ ကင်းစောင့်နေတဲ့ အသက် ၅၀ ကျော်အရွယ် ပျူစောထီးကို ကင်းတဲပေါ်ထိတက်ပြီး ကွမ်းစားဦးမလားမေးကာ အနီးကပ် ကျည်တချက်ပစ်ခတ်ခဲ့တာလို့ဆိုပါတယ်။

အင်အားက ၄၀ လောက်ရှိတယ်။ အဲဒီရွာက ပျူရွာပဲ။ စစ်တပ်ထိုင်ထားတဲ့ရွာပဲ။ အဲဒီမှာသူက ကင်းစောင့်တာ။ သူတို့ရွာအနောက်ဘက်ကိုမှ ဝင်ပစ်ပြီးတော့ ယူလာတာပဲ”လို့ ဗိုလ်ပိုင်ချဲက ပြောပါတယ်။

ပစ်ခတ်ခံရလို့ ပျူစောထီးမှာ ဦးခေါင်းကျည်ထိဒဏ်ရာနဲ့ နေရာမှာပင် သေဆုံးပြီး အဆိုပါ ပျူစောထီးကိုင်ဆောင်တဲ့ G3 သေနတ်တလက်ကို ယူဆောင်နိုင်ခဲ့တယ်လို့ သိရပါတယ်။

ပစ်ခတ်မှုဖြစ်ပြီးနောက် သေနတ်ယူပြီး ပြန်ထွက်လာချိန်အထိ ကျေးရွာအတွင်းက ပျူစောထီးနဲ့ စစ်ကောင်စီအဖွဲ့တွေ လိုက်ပါပစ်ခတ်တာမျိုးမရှိခဲ့ဘူးလို့ ဆိုပါတယ်။

ဇူလိုင်လ ၂၁ ရက်နေ့ကလည်း ကန့်ဘလူမြို့နယ်၊ ဇီးကုန်းမြို့ပေါ်မှာ ဆိုင်ကယ်နဲထွက်လာတဲ့ ရဲနဲ့ပျူ ၂ ဦးပစ်ခတ်ခံရလို့သေဆုံးပြီး သေနတ် ၂ လက်ကိုလည်း PDF တွေဘက်ကသိမ်းဆည်းနိုင်ခဲ့တယ်လို့ သိရပါတယ်။

Video Credit- Phyo Wai Paing (Facebook)

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။