ယောမှာ ဆဲဗင်းဂျူလိုင် အခမ်းအနားကို ဗလကသနဲ့ ဗကသဟောင်းတွေ ပူးပေါင်းကျင်းပ

0 10
0 10

မြေလတ်အသံ၊ ဇူလိုင် ၈၊ ၂၀၂၆။

ဗမာနိုင်ငံလုံးဆိုင်ရာ လူငယ်ကဗျာဆရာများသမဂ္ဂ (ဗလကသ)နဲ့ ဗကသကျောင်းသားဟောင်းတွေပူးပေါင်းပြီး ၆၄ နှစ်ပြည့် ဆဲဗင်းဂျူလိုင်အထိမ်းအမှတ် အခမ်းအနား ပြုလုပ်ခဲ့ကြပါတယ်။

ဇူလိုင် ၇ ရက်နေ့က ကျရောက်ခဲ့တဲ့ ဆဲဗင်းဂျူလိုင်နေ့ကို ဗလကသနဲ့ ဗကသကျောင်းသားဟောင်းတွေ ပူးပေါင်းပြီး လွတ်မြောက်တဲ့ ယောဒေသတနေရာမှာ အခမ်းအနား ကျင်းပခဲ့တာလို့ ဆိုပါတယ်။

“အခမ်းအနားမှာတော့ ကျောင်းသားလူငယ်၊ ကလေးတွေလည်း ပါတာဖြစ်တဲ့အတွက်ကြောင့် ဆဲဗင်းဂျူလိုင်ရဲ့ သမိုင်းကြောင်းအကျဉ်းကို ဖတ်ပြတာတွေ လုပ်ခဲ့တယ်။ ဆွေးနွေးတာတွေ လုပ်ခဲ့တယ်။ မြန်မာနိုင်ငံမှာရှိတဲ့ တော်လှန်ရေးတွေမှာ ကျောင်းသားတွေရဲ့ ဦးဆောင်မှုကဏ္ဍတွေအကြောင်း ဆွေးနွေးခဲ့တာ ရှိတယ်။ ကျောင်းသားတွေကို တော်လှန်ရေးအသိရှိဖို့ ပြောခဲ့တာတွေ ရှိတယ်။” လို့ ကိုတမျိုးနီက ပြောပါတယ်။

ဒီအခမ်းအနားအကို ကျောင်းသားလူငယ်တွေအပါ ဒေသခံ ၃၀ ကျော်နဲ့ စာဖတ်စွမ်းရည် မြှင့်တင်ရေး ဆွေးနွေးတာတွေလည်း ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။