⁨⁩ ⁨၆၄ နှစ်မြောက် ဆဲဗင်းဂျူလိုင် ချီတက်ပွဲ ဝက်လက်မှာ ပြုလုပ်

0 8
0 8

ဝက်လက်၊ ဇူလိုင် ၇၊ ၂၀၂၆။

ဆဲဗင်းဂျူလိုင်အရေးတော်ပုံ ၆၄ နှစ်မြောက် အထိမ်းအမှတ် ချီတက်ပွဲကို ဝက်လက်မြို့နယ်အတွင်းက ကျေးရွာတရွာမှာ ပြုလုပ်ခဲ့တယ်လို့ ဝက်လက်မြို့နယ် ကျောင်းသားသမဂ္ဂဆီက သိရပါတယ်။

အဆိုပါ ချီတက်ပွဲကို ဇူလိုင်လ ၆ ရက်နေ့က ပြုလုပ်ခဲ့တာဖြစ်ပြီး ကျောင်းသားတွေနဲ့ ပြည်သူ ၁၀၀ ကျော် ပါဝင်လှုပ်ရှားခဲ့တယ်လို့ ဝက်လက်မြို့နယ် ကျောင်းသားများသမဂ္ဂ ဥက္ကဌကိုဟန်မင်းစိုးက မြေလတ်အသံကို ပြောပါတယ်။

“စစ်အာဏာရှင်စနစ်၊ စစ်အစိုးရဆီကနေ ရစရာအကြွေးတွေ မရသေးတဲ့အတွက် ကျနော်တို့ ပြန်ပြီး လှုံဆော်သတိချပ်တာပေါ့၊ အဓိကက လက်ရှိ ၂၀၂၁ နွေဦးတော်လှန်ရေးမှာ စစ်အစိုးရဆီက ရစရာအကြွေးတွေကို ကျနော်တို့ ပြန်လည်တောင်းဆိုမယ်၊ နောက်ပြီး လူထုလွတ်မြောက်ရေးခရီးကြမ်းမှာ တိုက်ပွဲဝင်သွားမယ်။” လို့ ကိုဟန်မင်းစိုးက ပြောပါတယ်။

ချီတက်ပွဲမှာ ဝက်လက်မြို့နယ်ကျောင်းသားများသမဂ္ဂ(ဗကသများအဖွဲ့ချုပ်)၊ အခြေခံပညာကျောင်းသားများသမဂ္ဂ(ဗကသများအဖွဲ့ချုပ်)နဲ့ ဒေသခံပြည်သူတွေ ပူးပေါင်းပြုလုပ်ခဲ့ကြတာလို့ သူကဆိုပါတယ်။

ဆဲဗင်းဂျူလိုင် အထိမ်းအမှတ်နေ့ အခမ်းအနားတွေကို ကျောင်းသားသမဂ္ဂတွေ၊ နိုင်ငံရေးတက်ကြွလှုပ်ရှားသူတွေနဲ့ ဖြစ်စဉ်သိ ပြည်သူတွေက နှစ်စဉ်ပြုလုပ်လာခဲ့ကြတာလည်း ဖြစ်ပါတယ်။

၁၉၆၂ ခုနှစ် ဇူလိုင်လ ၇ ရက်နေ့ဟာ ရန်ကုန်တက္ကသိုလ်ဝင်းအတွင်းရှိ သမဂ္ဂအဆောက်အဦကို ဗိုလ်နေဝင်းဦးဆောင်တဲ့ အာဏာသိမ်းစစ်တပ်က ဖြိုခွင်းပြီး ကျောင်းသားပေါင်း ၂၀၀ ကျော်ကို G-3 ရီးမောင်းပြန်တွေနဲ့ ပစ်ခတ်သတ်ဖြတ်ခဲ့တဲ့နေ့လည်း ဖြစ်ပါတယ်။

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။