12 July 2026 6:38 AM

စိုက်ပျိုးရေးလုပ်ငန်းတွေမှာ AI စနစ်သုံးဖို့ အသွင်ပြောင်းသမ္မတပြော

0 6
0 6

■ နိုင်ငံတကာကို စားနပ်ရိက္ခာအဓိကဖြည့်ဆည်းတင်ပို့နိုင်ဖို့ မျှော်မှန်းထားတယ်လို့ ဆို

မြေလတ်အသံ၊ ဇွန် ၂၇၊ ၂၀၂၆ ။

လယ်ယာစိုက်ပျိုးရေးလုပ်ငန်းတွေမှာ AI (ဉာဏ်ရည်တု)စနစ်တွေနဲ့ စက်ကိရိယာတွေ အသုံးချနိုင်ဖို့ လိုအပ်တယ်လို့ စစ်ခေါင်းဆောင်ဟောင်း အသွင်ပြောင်းသမ္မတက ပြောဆိုလိုက်ပါတယ်။

ဇွန် ၂၆ ရက် ယမန်နေ့က နေပြည်တော်မှာ စစ်ခေါင်းဆောင်ဦးဆောင်ပြီးပြုလုပ်တဲ့ စားရေရိက္ခာမူဝါဒကော်မရှင်ရဲ့အစည်းအဝေးမှာ အခုလို ပြောဆိုခဲ့တာလည်း ဖြစ်ပါတယ်။

ယနေ့ခေတ်ဟာ သိပ္ပံနဲ့နည်းပညာခေတ်၊ IT ခေတ် ၊ AI ခေတ် ဖြစ်လာပြီဖြစ်ကြောင်း၊ စစ်ခေါင်းဆောင်ဟောင်းအနေနဲ့ မကြာခင်ကသွားရောက်ခဲ့တဲ့ အိန္ဒိယနဲ့ တရုတ်နိုင်ငံခရီးစဥ်တွေမှာ အဲ့ဒီနိုင်ငံတွေရဲ့ ခေတ်မီစိုက်ပျိုးရေးစနစ်တွေကို လေ့လာသိရှိခဲ့ရပြီး နိုင်ငံတွင်းမှာလည်း ခေတ်မီတဲ့စိုက်ပျိုးရေးစနစ်ကို တတ်နိုင်တဲ့ကဏ္ဍတွေမှာ ဆောင်ရွက်သွားကြဖို့နဲ့ စက်မှုလယ်ယာစနစ်ကို ဖော်ဆောင်ကြဖို့ကို သူကပြောပါတယ်။

” ကျွဲနွားများ ရှားပါးလာခြင်းနဲ့ လုပ်သားအင်အားရှားပါးလာခြင်းတို့ကြောင့် လယ်ယာစိုက်ပျိုးရေးလုပ်ငန်းများမှာ စက်ပစ္စည်းကိရိယာများကို လုံလောက်စွာအသုံးပြုနိုင်ရန်လိုကြောင်း၊ အလားတူ စိုက်ပျိုးရေးလုပ်ငန်းသုံးစက်ပစ္စည်းကိရိယာများကို ပြည်တွင်းမှာ ထုတ်လုပ်နိုင်ရန်လိုကြောင်း၊ မိမိတို့အနေနဲ့ စိုက်ပျိုးရေးလုပ်ငန်းများကို ဆောင်ရွက်ရာမှာ သိပ္ပံနည်းကျခေတ်မီတဲ့စိုက်ပျိုးရေးစနစ်၊ IT စနစ် ၊ AI စနစ်များ စက်ကိရိယာများကို အသုံးချနိုင်ရန်လိုကြောင်း” ဆိုကာ အသွင်ပြောင်းသမ္မတက ပြောပါတယ်။

ဒါ့အပြင်မြန်မာနိုင်ငံဟာ နိုင်ငံတကာမှာ စားနပ်ရိက္ခာအဓိကဖြည့်ဆည်းတင်ပို့ပေးနိုင်တဲ့ နိုင်ငံတနိုင်ငံ ဖြစ်ဖို့မျှော်မှန်းထားတာကြောင့် ဆန်၊ ပဲနဲ့ အခြားစားသောက်ကုန်ပစ္စည်းတွေ၊ ရေထွက်ကုန်ပစ္စည်းတွေကို ပိုမိုတိုးမြှင့်ထုတ်လုပ်နိုင်ဖို့ အမြဲသုတေသနပြု လေ့လာသုံးသပ်စနစ်တကျဆောင်ရွက်သွားကြဖို့လည်း စစ်ခေါင်းဆောင်က ပြောပါတယ်။

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။