ဝက်လက်ကကျေးရွာ ၂ ရွာကို အသေခံဒရုန်းနဲ့ တိုက်ခိုက်ခံရလို့ အမျိုးသမီး ၁ ဦးသေဆုံး

0 7
0 7

ဝက်လက်၊ ဇွန် ၁၇၊ ၂၀၂၆။

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်၊ နတ်ကုန်းတလိုင်းရွာသစ်နဲ့ ဝက်လူးအိုင်ကျေးရွာတို့မှာ အသေခံဒရုန်းနဲ့ တိုက်ခိုက်ခံရပြီး အမျိုးသမီး ၁ ဦးသေဆုံးခဲ့တယ်လို့ မြို့မတိုက်နယ်ပကဖ တာဝန်ရှိသူဆီက သိရပါတယ်။

ဇွန် ၁၆ ရက်ညနေ ၃ နာရီခန့်မှာ ရွှေဘိုလေ့ကျင့်ရေး ၈ တပ်ကနေ လွှတ်တင်လိုက်တဲ့ အသေခံဒရုန်း ၃ စီးဟာ နတ်ကုန်းတလိုင်းရွာသစ်ထဲ ၂ စီး၊ ဝက်လူးအိုင်ရွာပြည်သူနေအိမ်ထဲ ၁ စီးကျရောက်ပေါက်ကွဲခဲ့တာလို့ ဆိုပါတယ်။

“နတ်ကုန်းတလိုင်းရွာသစ် ဘုန်းကြီးကျောင်းကပ်လျက် မြောက်ဘက်ကုန်းမှာကျတယ်။ နောက် ပဲမှော်စင်ပေါ်မှာတလုံးကျတယ်။ ဝက်လူးအိုင်မှာကြ ယက္ကန်းခတ်တဲ့နေအိမ်ထဲကျတယ်။ သမီးက ယက္ကန်းခတ်နေတာ။ အမေနဲ့သားက အိမ်ထဲထိုင်နေကြတာ။ “လို့ မြို့မတိုက်နယ်ပကဖ တာဝန်ရှိသူတဦးက ပြောပါတယ်။

ဒရုန်းဗုံးထိမှန်တာကြောင့် ဝက်လူးအိုင်ရွာက အသက် ၆၀ ကျော်အရွယ် အမျိုးသမီး ၁ ဦးနေရာမှာပင် သေဆုံးပြီး သားဖြစ်သူ အသက် ၂၇ နှစ်အရွယ် အမျိုးသားနဲ့အသက် ၂၁ အရွယ် သမီးဖြစ်သူတို့ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။

နတ်ကုန်းတလိုင်းရွာသစ်မှာတော့ ပဲစင်းငုံစင် မီးလောင်ပြီး နေအိမ် ၂ လုံးအနည်းငယ်ပျက်စီးသွားတယ်လို့ အထက်ပါတာ၀န်ရှိသူက ပြောပါတယ်။

ဇွန် ၃ ရက်ကလည်း ဝက်လက်မြို့နယ်၊ ရွှေကျင်ကျေးရွာမှာ လှတောအထိုင်ချ စစ်ကော်မရှင်တပ်ဖွဲ့၀င်တွေက ပစ်ခတ်တဲ့ လက်နက်ကြီးကျပြီး ပြည်သူ ၃ ဦးဒဏ်ရာရခဲ့ပါသေးတယ်။

စာတည်း – လင်း

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။