ခင်ဦးမှာ ဘုန်းကြီးကျောင်းကိုဒရုန်းနဲ့ဗုံးကြဲလို့ ဝေယျာဝစ္စလုပ်သူ ၂ ဦးသေဆုံး

0 6
0 6

ခင်ဦး၊ ဇွန် ၂၊ ၂၀၂၆။

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်၊ စည်ပုတ္တရာရွာ ဘုန်းကြီးကျောင်း အသေခံဒရုန်းနဲ့ တိုက်ခိုက်ခံရပြီး ဝေယျာဝစ္စလုပ်ပေးနေသူ ၂ ဦးသေဆုံးခဲ့တယ်လို့ ဒေသကာကွယ်ရေးအဖွဲ့တာဝန်ရှိသူတွေဆီက သိရပါတယ်။

ဇွန်လ ၁ ရက်နေ့လယ် ၁၂ နာရီခွဲမှာ စစ်ကော်မရှင်ရဲ့အသေခံဒရုန်း ၄ စီးဟာ ရွာအနောက်ဘက်ရှိ ရွှေလင်းပင်ဘုရားဝန်းအတွင်း ကျရောက်ပေါက်ကွဲခဲ့တယ်လို့ ဆိုပါတယ်။

“စစ်ရေးပစ်မှတ်လည်းမဟုတ်ဘူး။ ဘာမှမဟုတ်ဘူး။ ဒီအတိုင်းပဲလာလုပ်သွားတာ။ ၄ စီးလုံးက ဘုန်းကြီးကျောင်းထဲ အကုန်ကျတာ။ ဘယ်မှမကျဘူး။ အဖိုးကြီးအဖွားကြီး ၂ ယောက်သေတယ်။ ဝေယျာဝစ္စလုပ်ပေးနေသူတွေ”လို့ ဒေသကာကွယ်ရေးအဖွဲ့ဝင်တဦးက ပြောပါတယ်။

ဒရုန်းကျရောက်ပေါက်ကွဲတဲ့ အသက် ၇၀ ကျော်အရွယ် အမျိုးသား ၁ ဦးနဲ့အသက် ၆၀ ကျော်အရွယ် အမျိုးသမီး ၁ ဦးတို့နေရာမှာတင်သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ကျောင်းဝန်းအတွင်းရှိ ဓမ္မာရုံ၊ ဆွမ်းစားဆောင်၊ သံဃာတော်တွေနေတဲ့ အဆောက်အအုံနဲ့ ဘုရားစေတီတွေ ပျက်စီးမှုတွေရှိခဲ့တယ်လို့ အထက်ပါဒေသကာကွယ်ရေးအဖွဲ့ဝင်ဆီက သိရပါတယ်။

မေလ ၂၀ ရက်နဲ့ ၂၁ ရက်တို့မှာလည်း ခင်ဦးမြို့နယ်၊ ရွာစဥ်ကျေးရွာဟာ ၂ ရက်ဆက် လေကြောင်း တိုက်ခိုက်ခံရတာကြောင့် ပြည်သူ ၄ ဦးသေဆုံးခဲ့ပါသေးတယ်။

စာတည်း – လင်း

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။