ရေတာရှည်မှာ PDF ရှေ့ကင်းစခန်းစီးနင်းခံရလို့ ၃ ဦးကျဆုံး၊ ၂ ဦးဖမ်းခံရ

0 0
0 0

ရေတာရှည်၊ မေ ၁၈၊ ၂၀၂၆။

ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ်၊ ကိုးပင်-သာဂရ လမ်းပိုင်း ၂၁ မိုင်အနီးမှာ ဒေသအခြေစိုက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ – PDF တပ်ဖွဲ့ ၁ ခုရဲ့ ရှေ့ကင်းစခန်းစီးနင်းခံရပြီး ၃ ဦးကျဆုံးကာ ၂ ဦးဖမ်းဆီးခံရတယ်လို့ ဖြစ်စဥ်ကိုသိထားတဲ့ ဒေသကာကွယ်ရေးအဖွဲ့ဝင်တွေဆီက သိရပါတယ်။

မေ ၁၇ ရက်မနက် ၃ နာရီခန့်မှာ ၂၁ မိုင်အနီးမှာ အင်အား ၅ ဦးနဲ့ကင်းချထားတဲ့နေရာကို စစ်ကော်မရှင်အဖွဲ့တွေက ဝင်ရောက်စီးနင်းပစ်ခတ်သွားတာလို့ ဆိုပါတယ်။

“ရှေ့ပွိုင့်ပြောရမှာပေါ့။ အင်အား ၇၀ လောက်နဲ့ဝင်စီးခံရတာ။ စစ်ကြောင်းကတော့ ပြန်ဆုတ်သွားပြီ။ ဒေသခံရဲဘော်တွေလို့ သိရတယ်။ လမ်းပေါ်ပွိုင့်လုပ်ထားပြီး ပေါ့ဆတာလို့ပြောရမယ်”လို့ ဖြစ်စဥ်ကိုသိထားတဲ့ ဒေသကာကွယ်ရေးအဖွဲ့ဝင်တဦးက ပြောပါတယ်။

အဆိုပါ ဖြစ်စဥ်အတွင်း အသက် ၂၀ ကျော်အရွယ် PDF တပ်ဖွဲ့ဝင် ၃ ဦးကျဆုံးပြီး ၂ ဦးကိုတော့ စစ်ကော်မရှင်စစ်ကြောင်းက ဖမ်းဆီးကာ သေနတ် ၄ လက်၊ ဗုံးသီးအချို့နဲ့ ကျည်ဆန်တွေလည်း သိမ်းဆည်းခံလိုက်ရတယ်လို့ ဆိုပါတယ်။

သေဆုံးသွားတဲ့ တပ်ဖွဲ့ဝင် ၃ ဦးအလောင်းကိုတော့ သက်ဆိုင်ရာတပ်ရင်းကပြန်ကောက်ယူသွားတယ်လို့သိရပြီး အဆိုပါကိစ္စနဲ့ပတ်သက်ပြီး မေလ ၁၈ ရက်အထိ သတင်းထုတ်ပြန်တာမရှိသေးပါဘူး။

ဧပြီ ၂၄ ရက်ကလည်း ရေတာရှည်မြို့နယ်နဲ့ ကရင်ပြည်နယ်၊ သံတောင်မြို့နယ်အစပ် ကျေးရွာကို လေကြာင်းကနေ ဗုံးကြဲတာကြောင့် PDF တပ်ဖွဲ့ဝင်တွေအပါအဝင် ၁၂ ဦးသေဆုံးခဲ့သေးတယ်လို့ သိရပါတယ်။

စာတည်း – လင်း

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။