စစ်ကိုင်းနဲ့ မကွေးတိုင်းက မြို့နယ် ၃ ခု ဗုံးကြဲခံရ

0 5
0 5

စစ်ကိုင်း၊ ဧပြီ ၃၀၊ ၂၀၂၆။

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်နဲ့ မကွေးတိုင်း၊ ဂန့်ဂေါ၊ ထီးလင်းမြို့နယ်တွေမှာ စစ်ကော်မရှင်ကလေကြောင်းကနေ ဗုံးကြဲခဲ့တယ်လို့ ဒေသကာကွယ်ရေးအဖွဲ့တွေနဲ့ ဒေသခံတွေဆီက သိရပါတယ်။

ဧပြီ ၂၉ ရက် ညနေ ၃ နာရီခန့်မှာ ယင်းမာပင်မြို့နယ်၊ အိုးဘိုကျေးရွာ တောရဘုန်းကြီးကျောင်းပေါ်ကို စစ်ကော်မရှင်ဘက်က စက်တပ်လေထီး ၁ စီးနဲ့ ဗုံး ၂ လုံးကြဲချခဲ့တယ်လို့ဆိုပါတယ်။

” စက်တပ်လေထီးတက်လာကတည်းက ရွာကလူတွေကော ဘုန်းကြီးတွေကော ကြိုတင်ရှောင်နိုင်လို့ လူထိခိုက်တာတော့မရှိခဲ့ဘူး။ ဗုံးတွေက ဘုန်းကြီးကျောင်းပေါ်ကျတာ”လို့ ဒေသကာကွယ်ရေးအဖွဲ့ဝင်တဦးကပြောပါတယ်။

ဗုံးကြဲခံရလို့ တောရကျောင်းအတွင်းရှိ ကျောင်းအဆောင် ၂ ဆောင်ပျက်စီးသွားခဲ့ပြီး လူထိခိုက်မှုမရှိခဲ့ဘူးလို့ဆိုပါတယ်။

အလားတူ ဧပြီ ၃၀ ရက်မနက် ၁၀ နာရီခန့်မှာလည်း ဂျက်ဖိုက်တာ ၁ စီးက ဂန့်ဂေါနဲ့ ထီးလင်းအစပ်က ဂန့်ဂေါမြို့နယ်၊ မင်းရွာအနောက်ဘက်နဲ့ ထီးလင်းမြို့နယ်၊ ကျားခဲရွာနဲ့အကြည်ဘမ်းရွာကြားကို ဗုံး ၉ လုံးကြဲချခဲ့တယ်လို့ဒေသခံ‌တွေဆီက သိရပါတယ်။

“ထီးလင်းက ၇ လုံး၊ ဂန့်ဂေါက ၂ လုံး။ ဂန့်ဂေါမှာက ရှောက်ပင် စစ်ကော်မရှင်ဂိတ်နဲ့ ၂ မိုင်ကျော်အကွာ မင်းရွာအနောက်မြောက်ဘက် တောထဲကျတယ်။ ထီးလင်းက တောစပ်နဲ့ယာခင်းဟောင်းတွေကြား ကျတာ”လို့ ဒေသခံတဦးက ပြောပါတယ်။

ပုံစာ – ဗုံးကြဲခံရသည့် ယင်းမာပင်မြို့နယ်၊ အိုးဘိုကျေးရွာ။

အဆိုပါဗုံးကြဲမှုအတွင်း လူထိခိုက်မှုနဲ့အဆောက်အဦပျက်စီးတာမရှိဘဲ အလေ့ကျပေါက်ပင်တွေ မီးလောင်တာ၊ မြေရိုင်းနေရာအချို့ကိုသာကျရောက်ခဲ့တာလို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ ဧပြီ ၂၁ ရက်ကလည်း ရွှေဘိုမြို့နယ်၊ ဆောင်နန်းကျေးရွာအနီး လေကြောင်းကနေ ဗုံးကြဲခံရလို့ အမျိုးသမီး ၁ ဦးသေ ၃ ဦးဒဏ်ရာရခဲ့သေးတယ်လို့ သိရပါတယ်။

စာတည်း – လင်း

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။