CDF – KKG ရဲ့ အပတ်စဉ် ၅ အခြေခံစစ်သင်တန်းဆင်းပွဲ ကျင်းပ

0 1
0 1

မကွေး၊ ဇန်နဝါရီ ၂၀၊ ၂၀၂၅။

မကွေးတိုင်း၊ ကလေး-ကဘော်-ဂန့်ဂေါမြို့ နယ်အခြေစိုက် Chinland Defense Force – Kalay Kabaw Gangaw ရဲ့ ရဲဘော် ၁၃ ဦးပါ အခြေခံစစ်ပညာသင်တန်း အပတ်စဉ် ၅ သင်တန်းဆင်းပွဲကို ဇန်နဝါရီ ၁၉ ရက် နေ့လယ်ပိုင်းမှာ ကျင်းပခဲ့တယ်လို့ သိရပါတယ်။

အခြေခံစစ်သင်တန်းကို CDF – KKGရဲ့ တပ်ရင်း ၂ မှာ ၂၀၂၄ ဒီဇင်ဘာ ၁ ရက်ကနေ ၂၀၂၅ ဇန်နဝါရီ ၁၈ ရက်အထိ လေ့ကျင့်သင်ကြားပေးခဲ့ကာ ဇန်နဝါရီ ၁၉ ရက်မှာ သင်တန်းဆင်းပွဲပြုလုပ်ပေးခဲ့တာဖြစ်တယ်လို့ Chinland Defense Force – Kalay Kabaw Gangaw သတင်းနှင့်ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။

ပုံစာ – CDF – KKG အပတ်စဉ် ၅ အခြေခံစစ်သင်တန်းဆင်းပွဲ။
ပုံစာ – CDF – KKG အပတ်စဉ် ၅ အခြေခံစစ်သင်တန်းဆင်းပွဲ။

သင်တန်းမှာ အမျိုးသား ၁၁ ဦး၊ အမျိုးသမီး ၂ ဦးတက်ရောက်ခဲ့ပြီး အခြေခံစစ်ပညာတွေကို သင်တန်းသားအားလုံး တက်ရောက်အောင်မြင်ခဲ့ပါတယ်။ သင်တန်းဆင်းပွဲမှာ စံပြဆု ၊ လက်ဖြောင့်ဆု ၊ ဇွဲဆု၊ စစ်ရေးပြအလှဆုံးဆု စတာတွေ ချီးမြှင့်ခဲ့ပြီး ဇွဲဆုကို အမျိုးသမီးရဲဘော် ၁ ဦးရရှိကာ ကျန်ဆုတွေကိုတော့ အမျိုးသားရဲဘော်တွေက ရရှိခဲ့တယ်လို့ သူက ဆိုပါတယ်။

အခြေခံစစ်ပညာသင်တန်း အပတ်စဉ် ၅ သင်တန်းဆင်းပွဲကို CDF – KKG ဒု စစ်ဦးစီးချုပ်အပါအဝင် ဖိတ်ကြားထားတဲ့ ဧည့်သည်တော်တွေ တက်ရောက်ပြီး ပွဲကို ၂ နာရီကြာပြုလုပ်ခဲ့တယ်လို့သိရပါတယ်။

စာတည်း – ကိုချမ်း

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။