သမ္မတဦးဝင်းမြင့် ပြန်လွတ်လာ

0 5
0 5

မြေလတ်အသံ၊ ဧပြီ ၁၇၊ ၂၀၂၆။

စစ်အာဏာသိမ်းခဲ့တဲ့ ၂၀၂၁ ဖေေော်ဝါရီ ၁ ရက်ကစတင်ဖမ်းဆီးခံထားရတဲ့ သမ္မတဦးဝင်းမြင့် ဧပြီ ၁၇ ရက်ဒီကနေ့မှာ ပြန်လည်လွှတ်ပေးလိုက်တယ်လို့ စစ်ကော်မရှင်ရဲ့ထုတ်ပြန်ချက်အရ သိရပါတယ်။

တောင်ငူထောင်မှာအကျဥ်းကျခံနေရတဲ့ သမ္မတဦးဝင်းမြင့်ကို ရာဇဝတ်ကျင့်ထုံးဥပဒေ ပုဒ်မ ၄၀၁၊ ပုဒ်မခွဲ (၁) အရ နောက်တကြိမ် ပြစ်မှုထပ်မံကျူးလွန်ပါက ၎င်းပြစ်ဒဏ်အပြင် ယခုကျခံရန်ကျန်ရှိတဲ့ ပြစ်ဒဏ်တွေကိုပါ ဆက်လက်ကျခံရမယ်ဆိုသော စည်းကမ်းသတ်မှတ်ချက်နဲ့ ကျခံရန်ကျန်ရှိသော ပြစ်ဒဏ်တွေအပေါ်လျှော့ပေါ့ကာ ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပြုလုပ်တယ်လို့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

သမ္မတဦးဝင်းမြင့်ကို စစ်ကော်မရှင်တပ်က ရာဇသတ်ကြီးပုဒ်မ ၁၃၀ (က)အပြင် အဂတိမှုတွေနဲ့ တရားစွဲဆိုကာ ထောင်ဒဏ် ၉ နှစ် ၆ လ ချမှတ်ခဲ့တာလည်း ဖြစ်ပါတယ်။

ပုံ – ပြန်ကြားရေးဝန်ကြီးဌာန၊ သတင်းနဲ့စာနယ်ဇင်းလုပ်ငန်း – NPE

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။