နတ်တလင်းမှာ ခရီးသည်တင်ယာဉ် သစ်ပင်ဝင်တိုက်ရာက ၁ ဦးသေဆုံးပြီး ၄ ဦးဒဏ်ရာရ

0 1
0 1

ပဲခူး၊ ဇွန် ၁၆၊ ၂၀၂၃။

ပဲခူးတိုင်းအနောက်ခြမ်း၊ သာယာဝတီခရိုင်၊ နတ်တလင်းမြို့၊ ရန်ကုန် – ပြည်လမ်းမှာ ခရီးသည်တင် အမြန်ယာဉ်ကားတစီး လမ်းဘေးသစ်ပင်ကို ဝင်တိုက်ရာက ကားပေါ်ပါ အမျိုးသား ၁ ဦး သေဆုံးပြီး ၄ ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ မြို့ခံပရဟိတအသင်းရဲ့ တာဝန်ရှိသူတဦးက ပြောပါတယ်။

ရန်ကုန် – မကွေးပြေးဆွဲနေတဲ့ ကောင်းမြတ်သာ အမြန်ယာဥ်ဟာ ဇွန်လ ၁၅ ရက်မနက် ၄ နာရီခွဲလောက်က ရန်ကုန်ဘက်ကိုသွားနေချိန် နတ်တလင်းမြို့အဝင် တံခွန်တိုင်ရွာနဲ့ စစ်ကောင်စီစစ်ဆးရေးဂိတ်ကြား အရောက်မှာ ယာဥ်မတော်တဆမှု ဖြစ်ခဲ့တာလို့ ဆိုပါတယ်။

“ကားက လမ်းဘေးသစ်ပင်ကိုတိုက်ပြီး စပါယ်ယာက လမ်းဘေးမြောင်းထဲကျပြီး နေရာမှာပဲ သေနေတာ။ အဲဒီအချိန်က မိုးကနည်းနည်းရွာနေတာ၊ စလစ်ဖြစ်လား ယာဥ်မောင်းပဲ အိပ်ငိုက်သလားတော့ မပြောတတ်ဘူး” လို့ နတ်တလင်းမြို့ လူမူကယ်ဆယ်ရေးအသင်းမှ တာဝန်ရှိသူတဦးက ပြောပါတယ်။

သေဆုံးသူ အသက် ၃၀ အရွယ် ယာဥ်နောက်လိုက်အမျိုးသားကို နတ်တလင်းဆေးရုံက ရင်ခွင်ရုံကို ပို့ဆောင်ခဲ့ပြီး ဒဏ်ရာရခရီးသည်အမျိုးသား ၂ ဦးနဲ့ အမျိုးသမီး ၂ ဦး စုစုပေါင်း ၄ ဦးကိုလည်း လူမှုကယ်ဆယ်ရေးအသင်းကားနဲ့ နတ်တလင်းဆေးရုံ အရေးပေါ်ဌာနကို ပို့ဆောင်ပေးခဲ့တယ်လို့ သူကဆက်ပြောပါတယ်။

ပြီးခဲ့တဲ့ဇွန်လ ၄ ရက်ညပိုင်းကလည်း ကြို့ပင်ကောက်မြို့နယ်၊ ရန်ကုန် – ပြည်လမ်းရှိ ကျွဲဘိရွာအနီးမှာ စက်ပျက်လို့ရပ်ထားတဲ့ တွဲကားကို ဆိုင်ကယ်နဲ့လာတဲ့ အသက် ၂၅ နှစ်အရွယ် အမျိုးသားနှစ်ဦးက ဝင်တိုက်ခဲ့ရာ ၂ ဦးစလုံး သေဆုံးခဲ့ပါသေးတယ်။

ဓါတ်ပုံ – ဓမ္မဝံသာနုရက္ခိတ – နတ်တလင်းလူမှုကယ်ဆယ်ရေးအသင်း

စာတည်း – လင်း

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။