21 August 2026 2:32 PM

⁩ ⁨စတားလင့်ဆိုင်နဲ့ စစ်ရှောင်တွေနေတဲ့ ဘုန်းကြီးကျောင်း ဗုံးကြဲခံရလို့ သံဃာတပါးနဲ့ အမျိုးသား ၁ ဦး သေဆုံး

0 1
0 1

ကန့်ဘလူ၊ ဩဂုတ် ၂၁၊ ၂၀၂၆။

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ရင်ခပ်ကုန်းကျေးရွာရှိ စတားလင့်ဆိုင်နဲ့ ရင်ခပ်ကုန်းရွာနဲ့ သပြေသာကျေးရွာကြားရှိ စစ်ရှောင်တွေနေတဲ့ တောရ ဘုန်းကြီးတော်ကြီးကျောင်းတွေ ဗုံးကြဲခံရလို့ သံဃာတပါးအပါအဝင် ၂ ဦး သေဆုံးတယ်လို့ ကန့်ဘလူမြို့နယ် ပကဖတာဝန်ရှိသူတွေဆီက သိရပါတယ်။

မနေ့က (ဩဂုတ် ၂၀) ညနေ ၅ နာရီခန့်က တံတားဦးလေတပ်က တက်လာတဲ့ ဂျက်ဖိုက်တာ တိုက်လေယာဥ်ဟာ ရင်ခပ်ကုန်းကျေးရွာထဲက စတင်းလင်းဆိုင်ကို ဗုံးတလုံးကြဲချခဲ့သလို နောက်ထပ်တစီးက စစ်ရှောင်တွေနေတဲ့ တောရကျောင်းလေးတွေဖြစ်တဲ့ ဗောဓိကျောင်းနဲ့ ရှောက်ကန်ကျောင်းတိုက် တဝိုက်ကို ဗုံး ၂ လုံးကြဲချခဲ့တာဖြစ်ပါတယ်။

ပုံစာ – တိုက်လေယာဉ်နဲ့ ဗုံးကြဲခံရလို့ ပျံလွန်တော်မူသည့် ဆရာတော် ဦးတိလောနဲ့ သေဆုံးသူ ဦးဇော်နိုင်ဝင်း၊ ထိခိုက်ပျက်စီးခဲ့သည့် ရင်ခတ်ကုန်းကျေးရွာရှိ စတားလင့်ဆိုင်နဲ့၊ ဗောဓိကျောင်းနဲ့ ရှောင်ကန်ဘုန်တော်ကြီးကျောင်း

“ဗောဓိကျောင်း၊ ရှောင်ကန်ကျောင်းဆိုတာက တောရကျောင်းလေးတွေ။ အဲဒီမှာက သပြေသာ၊ ဖိုကုန်း၊ ကျောင်းကုန်းက စစ်ရှောင်တွေနေတာ။ အဲနေရာကို လာကြဲတာ။ ရင်ခပ်ကုန်းမှာကျ စတားလင့်ဆိုင်ဖွင့်ထားတဲ့နေရာကို လာကြဲတာ။ အဲမှာကျ ကောင်လေးတယောက် ပေါင်မှန်သွားတာ”လို့ ကန့်ဘလူမြို့နယ်ပကဖ ပြန်ကြားရေးတာဝန်ရှိသူက ပြောပါတယ်။

ဗုံးကြဲမှုကြောင့် စစ်ရှောင်တွေနေတဲ့ ရှောက်ကန်ဘုန်းကြီးကျောင်းမှ သက်တော် ၅၀ အရွယ် ဆရာတော်ဦးတိလော ပျံလွန်တော်မူပြီး၊ သပြေသာရွာက စစ်လာရှောင်နေတဲ့ အသက် ၅၀ ကျော်အရွယ် ဦးဇော်နိုင်ဝင်း သေဆုံးကာ၊ ရင်ခပ်ကုန်းရွာက အသက် ၁၅ နှစ်အရွယ် မောင်ဖြိုးမင်းတို့ ဒဏ်ရာရ သွားပါတယ်။

ပုံစာ – တိုက်လေယာဉ်နဲ့ ဗုံးကြဲခံရလို့ ပျံလွန်တော်မူသည့် ဆရာတော် ဦးတိလောနဲ့ သေဆုံးသူ ဦးဇော်နိုင်ဝင်း၊ ထိခိုက်ပျက်စီးခဲ့သည့် ရင်ခတ်ကုန်းကျေးရွာရှိ စတားလင့်ဆိုင်နဲ့၊ ဗောဓိကျောင်းနဲ့ ရှောင်ကန်ဘုန်တော်ကြီးကျောင်း
ပုံစာ – တိုက်လေယာဉ်နဲ့ ဗုံးကြဲခံရလို့ ပျံလွန်တော်မူသည့် ဆရာတော် ဦးတိလောနဲ့ သေဆုံးသူ ဦးဇော်နိုင်ဝင်း၊ ထိခိုက်ပျက်စီးခဲ့သည့် ရင်ခတ်ကုန်းကျေးရွာရှိ စတားလင့်ဆိုင်နဲ့၊ ဗောဓိကျောင်းနဲ့ ရှောင်ကန်ဘုန်တော်ကြီးကျောင်း

ဒါ့အပြင် နေအိမ်နဲ့ ဘုန်းကြီးကျောင်း အဆောက်အဦးအချို့လည်း ပျက်စီးပြီး စစ်ရှောင် ၂၀၀ ကျော်ဟာ ဘေးလွတ်ရာကို ထပ်မံထွက်ပြေးတိမ်းရှောင် နေကြရပါတယ်။

ဗုံးထိမှန်လို့ ထိခိုက်သေဆုံးဒဏ်ရာရသူတွေကို ကူညီကယ်ဆယ်ရေးတွေ လုပ်ဆောင်နေချိန် ဝက်တိုးကျေးရွာမှာ အထိုင်ချထားတဲ့ စစ်ကောင်စီတပ်က ထပ်မံပြီး ဒရုန်းနဲ့ ဗုံးသီး ၃ လုံးချ တိုက်ခိုက်ခဲ့လို့ အမြန်ဆုံးရှောင်တိမ်းနိုင်ခဲ့တာကြောင့် ထိခိုက်သူမရှိခဲ့တာလို့ ဆိုပါတယ်။

ပုံစာ – တိုက်လေယာဉ်နဲ့ ဗုံးကြဲခံရလို့ ပျံလွန်တော်မူသည့် ဆရာတော် ဦးတိလောနဲ့ သေဆုံးသူ ဦးဇော်နိုင်ဝင်း၊ ထိခိုက်ပျက်စီးခဲ့သည့် ရင်ခတ်ကုန်းကျေးရွာရှိ စတားလင့်ဆိုင်နဲ့၊ ဗောဓိကျောင်းနဲ့ ရှောင်ကန်ဘုန်တော်ကြီးကျောင်း
ပုံစာ – တိုက်လေယာဉ်နဲ့ ဗုံးကြဲခံရလို့ ပျံလွန်တော်မူသည့် ဆရာတော် ဦးတိလောနဲ့ သေဆုံးသူ ဦးဇော်နိုင်ဝင်း၊ ထိခိုက်ပျက်စီးခဲ့သည့် ရင်ခတ်ကုန်းကျေးရွာရှိ စတားလင့်ဆိုင်နဲ့၊ ဗောဓိကျောင်းနဲ့ ရှောင်ကန်ဘုန်တော်ကြီးကျောင်း
ပုံစာ – တိုက်လေယာဉ်နဲ့ ဗုံးကြဲခံရလို့ ပျံလွန်တော်မူသည့် ဆရာတော် ဦးတိလောနဲ့ သေဆုံးသူ ဦးဇော်နိုင်ဝင်း၊ ထိခိုက်ပျက်စီးခဲ့သည့် ရင်ခတ်ကုန်းကျေးရွာရှိ စတားလင့်ဆိုင်နဲ့၊ ဗောဓိကျောင်းနဲ့ ရှောင်ကန်ဘုန်တော်ကြီးကျောင်း

ပြီးခဲ့တဲ့ ဩဂုတ်လ ၁၉ ရက်နေ့ကလည်း မြောင်မြို့နယ်၊ လှေတင်ဦးကျေးရွာထဲက အများပြည်သူ စတားလင့်သုံးနေတဲ့နေရာ ဗုံးကြဲခံရလို့ ၂ ဦးသေဆုံးပြီး ၁၉ ဦးဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။