ပေါင်းတည်မှာ စစ်ကောင်စီစစ်ကြောင်း တိုက်ခိုက်ခံရလို့ စစ်သားတဦး သေဆုံးဟုဆို

0 1
0 1

ပဲခူး၊ ဇွန် ၁၅၊ ၂၀၂၃။

ပဲခူးတိုင်း(အနောက်ခြမ်း)၊ ပေါင်းတည်မြို့နယ်၊ ပဲခူးရိုးမခြေရင်းမှာ စစ်ကြောင်းထိုးနေတဲ့စစ်ကောင်စီတပ်ကို ဇူလိုင်လ ၁၃ ရက် မနက်က ခြုံခိုတိုက်ခိုက်လို့ စစ်သားတဦး သေဆုံးသွားတယ်လို့ ပေါင်းတည်မြို့နယ်၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PPDF ရဲ့ ပြန်ကြားရေးတာဝန်ခံဆီက သိရပါတယ်။

ပေါင်းတည်မြို့နယ်၊ ရွှေလေးကြိုးဝိုင်း၊ သစ်ဖြူချောင်းအနီးကို အင်အား ၃၅ ဦးလောက်နဲ့ စစ်ကြောင်းထိုးလာတာကို မနက် ၁၁ နာရီလောက်မှာ လက်နက်ငယ်နဲ့ တိုက်ခိုက်ခဲ့တာလို့ဆိုပါတယ်။

“ရင်ဘတ်ကို တချက်ထဲပဲထိတာ၊ စစ်သားက ခြင်းကြားကြီးနဲ့ အားလျားမှောက်ကြီးကို ပစ်ကျတာ၊ ကျန်တဲ့စစ်သားတွေလည်း ပုန်းတဲ့ကောင်ကပုန်း ရှောင်တဲ့ကောင်ရှောင်နဲ့ အလောင်းကို တရွတ်ဆွဲဘေးချပြီး ထုံးစံအတိုင်း ရမ်းပစ်တော့တာပဲ” လို့ PPDF ရဲ့သတင်းပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။

အခု တိုက်ခိုက်မှုကို ပေါင်းတည်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ၃၆၀၁ PPDFနဲ့ တပ်ရင်း ၃၆၀၂ PDF တပ်ရင်းတို့က လုပ်ဆောင်ခဲ့တာဖြစ်ပြီး စစ်ကောင်စီတပ်သားသေဆုံးမှုနဲ့ပတ်သက်ပြီး မြေလတ်အသံက သီးခြားအတည်မပြုနိုင်သေးပါဘူး။

ဇွန်လ ၁၅ ရက် ဒီနေ့နေ့လယ်လောက်မှာတော့ အဲဒီစစ်ကြောင်းဟာ ရွှေလေးကြိုးဝိုင်း၊ အကွက်အမှတ် ၄၀ ကနေ ဝဲကြီးဆည်ဘက်ကိုဦးတည် တပ်ဆုတ်နေတယ်လို့ ဆိုပါတယ်။

ပေါင်းတည်မြို့နယ်မှာ ပြီးခဲ့တဲ့ဇွန်လ ၁၁ ရက် ညနေ ၆ နာရီလောက်ကလည်း ရွှေလေးကြိုးဝိုင်း၊ တလားဂူလျှိုအနီးမှာ ခြုံခိုတိုက်ခိုက်ခဲ့လို့ စစ်သား ၁ ဦးသေကာ ၁ ဦးထိခိုက် ဒဏ်ရာရခဲ့ပါသေးတယ်။

ပေါင်းတည်မြို့နယ်ကို စစ်ကောင်စီက အခုနှစ် ဖေဖေါ်ဝါရီလ ၂ ရက်က စစ်အုပ်ချုပ်ရေးအမိန့် ထုတ်ပြန်ထားတာလည်း ဖြစ်ပါတယ်။

စာတည်း – 007

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။