စစ်တပ်ကပစ်တဲ့ လက်နက်ကြီးကျည် KNU အထက်တန်းကျောင်းထဲကျလို့ ၃ ဦးဒဏ်ရာရ

0 1
0 1

ပဲခူး၊ ဇွန် ၁၅၊ ၂၀၂၃။

ပဲခူးတိုင်းဒေသကြီး၊ ထန်းတပင်မြို့နယ်၊ တောကုန်းရွာရှိ KNU ထိုလွီဝါးအထက်တန်းကျောင်းထဲကို စစ်ကောင်စီဘက်က ပစ်လိုက်တဲ့လက်နက်ကြီးကျည်ကျလို့ ကျောင်းသူ ၃ ဦး ထိခိုက်ဒဏ်ရာရသွားတယ်လို့ ဒေသခံတွေထံက ပြောပါတယ်။

ဇွန်လ ၁၄ ရက် ည ၁၁ နာရီခန့်မှာ တောင်ငူမြို့နယ်အခြေစိုက် ခလရ ၃၀၆ ဘက်မှ တောကုန်းရွာဘက်ကို လက်နက်ကြီးတွေ ပစ်ခတ်ခဲ့ရာ စာသင်ကျောင်းအတွင်းကို ကျရောက်ပေါက်ကွဲခဲ့တယ်လို့ ဆိုပါတယ်။

“စကစပစ်တဲ့ လက်နက်ကြီး ကျည်တလုံးက မိန်းကလေးအဆောင်ဘေးနာကျလို့ ထိခိုက်ဒဏ်ရာရတာရှိတယ်။ စိုးရိမ်ရတဲ့အခြေနေရှိတယ်လို့တော့ သိရတယ်။ အဲဒီနေရာက စစ်မဲ့ဇုန်လိုဖြစ်နေတဲ့ နေရာကို အခုလို လက်နက်ကြီးကျပြီဆိုတော့ နောက်ဘာဆက်ဖြစ်မလဲဆိုတာ မသိရဘူး” လို့ ဒေသခံတဦးက ပြောပါတယ်။

လက်နက်ကြီးထိလို့ ဒဏ်ရာရသွားတဲ့ ကျောင်းသူ ၃ ဦးကိုတော့ KNU အစီအစဥ်နဲ့ ဆေးကုသနေပြီး ကျောင်းကို တော့ ယာယီပိတ်ထားတယ်လို့ဆိုပါတယ်။

ထိုလွီးဝါး စာသင်ကျောင်းဟာ KNU တပ်မဟာ ၂ ထိန်းချုပ်နယ်မြေထဲမှာရှိပြီး အနီးဝန်းကျင်မှာ ဆေးရုံ၊ ဆေးခန်းတွေလည်းရှိတယ်လို့ သိရပါတယ်။

ထိုလွီးဝါးစာသင်ကျောင်းဟာ စစ်တပ်အာဏာမသိမ်းခင်က ကျောင်းသားကျောင်းသူဦးရေ ရာဂဏန်းသာရှိခဲ့ပြီး ယခုအချိန်မှာတော့ အရေအတွက် ထောင်ကျော်စာသင်နေကာ ကျောင်းသားကျောင်းသူတွေကတော့ ကျောင်းအိပ်၊ ကျောင်းစား နေထိုင်ရတယ်လို့ သိရပါတယ်။

တောကုန်းကျေးရွာမှာရှိတဲ့ ထိုလွီးဝါး စာသင်ကျောင်းနေရာဝန်းကျင်ဟာ ယခင်စစ်အုပ်ချုပ်ရေးကာလ ကတည်းက စစ်မဲ့ဇုန်နေရာ သဘောမျိုးဖြစ်နေပြီး KNU ဘက်ကဖြစ်စေ၊ စစ်တပ်ဘက်ကဖြစ်စေ အဲဒီနယ်မြေထဲ ဝင်ပါက လက်နက်ကိုင်ဆောင်ပြီး မသွားလာကြဘူးလို့ သိရပါတယ်။

စာတည်း – လင်းဇေ

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။