မုံရွာမြို့ပေါ်မှာ စစ်ကောင်စီတပ်သား ၆၀ ခန့် တပ်စွဲစစ်ဆေးနေလို့ မြို့ခံတွေ အထိတ်တလန့်ရှောင်တိမ်းနေကြ

0 1
0 1

စစ်ကိုင်း၊ ဇွန် ၁၂၊ ၂၀၂၃။

စစ်ကိုင်းတိုင်း၊ မုံရွာမြို့ပေါ်ကို စစ်ကောင်စီတပ်သားတွေက ဇွန်လ ၁၂ ရက် မနက် ၁၀ နာရီကျော်မှာ ဝင်ရောက်လာပြီး လမ်းသွားလမ်းလာပြည်သူတွေကို စစ်ဆေးကာ ဖမ်းဆီးမှုတွေပြုလုပ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

အင်အား ၆၀ ကျော်ရှိတဲ့ စစ်ကောင်စီတပ်သားတွေက မုံရွာမြို့ပေါ်မှာရှိတဲ့ ရွှေစည်းခုံဘုရားရင်ပြင်မှာ နေရာယူတပ်စွဲထားပြီး စျေးဆိုင်တွေကို ပိတ်ခိုင်းတာ၊ လမ်းသွားနေတဲ့ လူငယ်အမျိုးသားတွေကို ဖမ်းဆီးစစ်ဆေးနေတာတွေ ပြုလုပ်နေတယ်လို့ အမည်မဖော်လိုတဲ့ မြို့ခံတဦးက ပြောပါတယ်။

“စကစဘက်က လာသမျှ ယောက်ျားလေး လူငယ်အချို့ကို ရိုက်ပီးစစ်ဆေးတယ်။ ကမ်းနားဇတ်ဆိပ်မှာ ဆိုင်ကယ်နှစ်ယောက် ၂ ယောက်ပိုး(စီး)ရင်ဖမ်းတယ်။ ဘုရားကြီး ရုံးကြီးမှာရှိတဲ့ ဆိုင်တွေကို ပိတ်ခိုင်းတယ်။ ယခုလောလောဆယ် ညောင်ပင်စောက်သွားတဲ့လမ်း စက်မှုဇုန်အဝိုင်းပတ်မှာ အရပ်ဝတ်နဲ့ စစ်**တွေရောက်နေတယ်လို့ သိရပါတယ်” လို့ ဆိုပါတယ်။

စျေးသည်တွေ အနေနဲ့လည်း မနက် ၁၀ နာရီကျော်ကတည်းကနေ စျေးဆိုင်တွေကို ပိတ်လိုက်ကြရသလို ရပ်ကွက်အချို့က ဒေသခံတွေဆိုရင်လည်း ဘေးလွတ်ရာ ကျေးရွာတွေဆီ ထွက်ပြေးသွားခဲ့ကြတယ်လို့ သူက ဆက်ပြောပါတယ်။

“မုံရွာမြို့လယ်ခေါင်မှာရှိတဲ့ ဘုရားကြီးရပ်ကွက်က လူအချို့ကတော့ ပြေးကုန်ကြပြီ။ ဥပမာ ၁၀ အိမ်ရှိ ပြေးရင် ၃ အိမ်ကျန် အဲ့လိုမျိုးပေါ့။ ပြေးနေကြတာ၊ မြို့ပေါ်ကိုနေ့လယ် ၃ နာရီနောက်ပိုင်း မာရှယ်လောထုတ်တယ်။ အဲ့လိုမျိုးကြားတယ်လို့လည်း သတင်းတွေပျံ့နေတယ်။ ဒါကိုတော့ အတည်ပြုလို့မရသေးဘူး” လို့ ဆိုပါတယ်။

လက်ရှိမှာ စစ်ကောင်စီတပ်သားတွေက လမ်းပိုင်းအချို့မှာ စစ်ဆေးဖမ်းဆီးတာတွေ၊ ကားတွေနဲ့ သွားလာလှုပ်ရှားနေတာတွေကြောင့် မြို့ခံပြည်သူတွေအနေနဲ့ နေအိမ်က နေအပြင်မထွက်ရဲကြဘဲ ကြောက်လန့်စွာ နေနေကြရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒါ့အပြင် ဇွန်လ ၁၂ ရက် ဒီနေ့ နေ့လည် ၂ နာရီကျော်မှာ မုံရွာမြို့နဲ့ မိုင်ဝက်ခန့်သာကွာဝေးတဲ့ ညောင်ပင်သာကျေးရွာကို အင်အား ၅၀ ကျော်ပါတဲ့ စစ်ကောင်စီတပ်သားတွေက ဝင်ရောက် မီးရှို့နေတာကြောင့် ဒေသခံတွေ ထွက်ပြေးနေကြရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

စာတည်း – 007

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။