26 July 2026 8:31 PM

ဖြူးက ပျူစောထီးဆိုသူ ရှင်းလင်းခံရ

0 1
0 1

ပဲခူး၊ ဇွန် ၈၊ ၂၀၂၃။

ပဲခူးတိုင်းဒေသကြီး၊ ဖြူးမြို့နယ်၊ သပြေလဟာကျေးရွာအုပ်စု၊ ရွာမကြီးကျေးရွာမှာ PDF တွေရဲ့ အသွားအလာကိုစောင့်ကြည့်ပြီး စစ်ကောင်စီကိုသတင်းပေးနေတဲ့ ပျူစောထီးဆိုသူ အမျိုးသားတဦး ပစ်ခတ်ခံရပြီး သေဆုံးခဲ့ပါတယ်။

ဇွန်လ ၇ ရက် မနေ့ည ၁၀ နာရီခန့်မှာ ပျူစောထီးလို့လူသိများတဲ့ ရန်ဝင်းလှိုင် အသက် ၃၅ နှစ်ကို ရွာမကြီးရွာက သူ့နေအိမ်မှာရှိနေချိန် ဝင်ရောက်ရှင်းလင်းခဲ့တာလို့ ဖြူးမြို့နယ် ပကဖ တာဝန်ရှိသူက ပြောပါတယ်။

“သူက PDF အသွားအလာတွေ စောင့်ကြည့်ပြီး စကစ ကို သတင်းပေးနေတာရှိတယ်။ သူ့ယောက္ခမကော သူကော ပျုစောထီးသင်တန်း တက်ထားသူဖြစ်တယ်။ အဲ့ဒါကြောင့်နေအိမ်မှာ အဖွဲ့တွေက သွားရှင်းလိုက်တာ”လို့ အတည်ပြု ပြောပါတယ်။

သေနတ်နဲ့ပစ်ခတ်ရှင်းလင်းခံရလို့ ရန်ဝင်းလှိုင်ဟာ နေရာမှာတင် ပွဲချင်းပြီးသေဆုံးသွားခဲ့တယ်လို့ သိရပါတယ်။

ရန်ဝင်းလှိုင်ဟာ စစ်ကောင်စီရဲ့ ခမရ ၄၃၉ တပ်ရင်းကို သတင်းပေးပို့နေသူဖြစ်သလို သူ၏ယောက္ခမဖြစ်သူ မြင့်ကျော်မှာလည်း ပျူစောထီးသင်တန်းတက်ထားပြီး စစ်ကောင်စီသတင်းပေး တဦးဖြစ်ကာ ခမရ ၄၃၉ တပ်ရင်းထဲ၌ ပုန်းခိုနေထိုင်လျက်ရှိတယ်လို့ ဆိုပါတယ်။

ဧပြီလ ၂၇ ရက် ညနေ ၅ နာရီခန့်မှာလည်း ဖြူးမြိုနယ်၊ တောင်ဂုံးတဲကျေးရွာအနီးမှာ ကညွတ်ကွင်းမြို့မှ လျှပ်စစ်အင်ဂျင်နီယာ ဦးကျော်စံလင်း ၅၂ နှစ်ဟာ က​ညွတ်​ကွင်းကနေ ကျောက်တံခါးဘက်ကို ဆိုင်ကယ်နဲ့အပြန် ရန်ကုန်-မန္တလေး(ကားလမ်းဟောင်း)ဘေးရှိ ကွင်းနောက်(၁)ရပ်ကွက်၊ မိုင်တိုင်အမှတ် – ၁၁၄/၁ အရောက်မှာ သေနတ်နဲ့ပစ်သတ်ခံရပြီး သေဆုံးခဲ့သေးတယ်လို့ သိရပါတယ်။

စာတည်း – လင်း

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။