မန်စီးတီးကို အနိုင်ယူပြီး အဆင့် ၄ နေရာ ယာယီတက်လှမ်းခဲ့တဲ့ ယူနိုက်တက် (အားကစားသတင်း)

0 32
0 32

မြေလတ်အသံ၊ ဇန်နဝါရီ ၁၇၊ ၂၀၂၆။

ပရီးမီးယားလိဂ်ပွဲစဉ် ၂၂ စနေည အစောဆုံးပွဲစဉ်ဖြစ်တဲ့ မန်ချက်စတာဒါဘီပွဲစဉ်မှာ ယူနိုက်တက်က မန်စီးတီးကို အနိုင်ယူပြီး အဆင့် ၄ နေရာအထိ ယာယီတက်လှမ်းနိုင်ခဲ့ပါတယ်။

အိမ်ကွင်း အိုးထရက်ဖို့ဒ်မှာ ယူနိုက်တက်အသင်း အကောင်းဆုံးခြေစွမ်းပြကစားနိုင်ခဲ့ပြီး မန်ချက်စတာစီးတီးကို ၂ ဂိုး ဂိုးမရှိနဲ့ အနိုင်ရယူခဲ့တာပါ။

ယူနိုက်တက်အတွက် အနိုင်ဂိုးတွေကို အမ်ဘူမို (၆၅ မိနစ်) နဲ့ ဒေါ်ဂူ (၇၆ မိနစ်) တို့က အသီးသီး သွင်းယူခဲ့တာဖြစ်ပြီး ပွဲချိန်အစောပိုင်းတွေမှာ စီးတီးဂိုးသမား ဒွန်နာရမ်မာရဲ့ လက်စွမ်းပြမှုတွေနဲ့ လူကျွံဘောတွေကြောင့် ဒီထက်ပိုပြီး ဂိုးမပြတ်ခဲ့တာလည်း ဖြစ်ပါတယ်။

ဒီနေ့ပွဲအပါ ပရီးမီးယားလိဂ် နောက်ဆုံး ၄ ပွဲဆက်တိုက် နိုင်ပွဲပျောက်ဆုံးခဲ့တဲ့ မန်စီးတီးက အဆင့် ၁ နေရာက အာဆင်နယ်ကို ဖိအားပေးဖို့ ပိုမိုခက်ခဲလာခဲ့ပြီဖြစ်ကာ လက်ရှိမှာ ၁ ပွဲပိုကန်ထားပေမယ့် အာဆင်နယ်ထက် ၆ မှတ်လျော့နေတာကြောင့် ချန်ပီယံပြေးလမ်းပေါ်မှာဆက်ရှိနေဖို့ လက်ကျန်ပွဲစဉ်တွေမှာ မန်ချက်စတာစီးတီးအနေနဲ့ ပိုပြီး ရုန်းကန်သွားရမယ့်အနေအထားပါ။

ယာယီနည်းပြ မိုက်ကယ်ကာရစ်ရဲ့ ခက်ခဲတဲ့ပထမဆုံးပွဲဦးထွက်မှာပဲ မြို့ခံပြိုင်ဘက်ကို အနိုင်ယူခဲ့တာဖြစ်ပြီး ဒီနိုင်ပွဲကြောင့် လာမယ့် တနင်္ဂနွေနေ့ အာဆင်နယ်နဲ့တွေ့ရမယ့် ပရီးမီးယားလိဂ်ပွဲစဉ် ၂၃ အတွက် ယူနိုက်တက်တို့ ယုံကြည်မှု ပိုမိုမြင့်မားနေမှာလည်း ဖြစ်ပါတယ်။

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။