မင်းလှမြို့နယ် ရိုးမဖြတ်လမ်းသွားလာခွင့်ကို စစ်ကောင်စီကပိတ်ပြီး လာသူတွေကို ဆက်ကြေးကောက်

0 1
0 1

ပဲခူး၊ ဇွန် ၂၊ ၂၀၂၃။

ပဲခူးတိုင်း(အနောက်ခြမ်း)၊ သာယာဝတီခရိုင်၊ မင်းလှ-မြို့ချောင်း-စိန်ကန့်လန့် လမ်းပိုင်းဖြစ်တဲ့ ပဲခူးရိုးမပေါ် ဖြတ်သန်းသွားလာခွင့်ကို စစ်ကောင်စီက ပိတ်လိုက်တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

စစ်ကြောင်းထိုးမယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ မေလ ၂၈ ရက်နေ့က စပိတ်လိုက်တာဖြစ်တယ်လို့ မင်းလှဒေသခံတဦးထံက သိရပါတယ်။

“စစ်ကြောင်းထိုးမယ်ဆိုပြီးတော့ ဘယ်သူ့မှ အတက်မခံတော့ဘူး။ မျှစ်ချိုး၊ ဝါးခုတ်၊ ထင်းခုတ်တဲ့သူတွေလည်း မောင်းချတယ်။ ဆိုင်ကယ်နဲ့တနိုင်တင်တာမျိုးရှိတော့ ဘယ်ဆိုင်ကယ်မှအလာမခံဘူး။ လာတာနဲ့ဖမ်းတယ်။ ဆိုင်ကယ်တစီးကို ပိုက်ဆံ တသိန်းခွဲ၊ နှစ်သိန်းတောင်းတယ်” လို့ သူကပြောပါတယ်။

ပဲခူးရိုးမပေါ်ရှိ ခါချဥ်တောင်သစ်တောစခန်းမှာ စစ်ကောင်စီအင်အား ၃၀ ကျော် တပ်စွဲထားပြီး၊ ရိုးမလမ်းပိုင်း ပိတ်တယ်ဆိုကာ ဒေသခံတွေကို ခြိမ်းခြောက်တာ၊ ဆိုင်ကယ်တွေဖမ်းဆီး ငွေတောင်းတာတွေ လုပ်နေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ရိုးမအခြေက လူတွေကိုလည်းတက်ခွင့်မပေးသလို ရိုးပေါ်ကလူတွေကိုလည်း ထွက်ခွါခိုင်းနေပြီး တွေ့ရင်ပစ်သတ်မယ်လို့ ခြိမ်းခြောက်ပြောဆိုနေတယ်လို့ ပြောပါတယ်။

“မင်းလှ-မြို့ချောင်း-စိန်ကန့်လန့် ရိုးမဖြတ်တဲ့ကားလမ်းကို ပိတ်လိုက်တာ။ ရိုးမထဲကသစ်တွေ ခုတ်ချင်လို့ ပြည်သူတွေကို တောပိတ်တယ်လို့ပြောတာ။ ဘယ်သူမှမရှိတော့ သူတို့ခိုးချင်သလို ခိုးလို့ရတာပေါ့ဗျာ။” လို့ သာယာဝတီခရိုင်၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့၊ ပြန်ကြားရေးတာဝန်ခံက မြေလတ်အသံကို ပြောပါတယ်။

ပြီးခဲ့တဲ့ မတ်လ ၂ ရက်နေ့က ပဲခူးရိုးမပေါ်ကို စစ်ကြောင်းထိုးဖို့တက်လာတဲ့ စစ်ကားတစီးဟာ ခါချဥ်တောင်လမ်း ရေတွင်းကုန်းအဆင်းမှာ ချောက်ထဲကျခဲ့ပြီး၊ ဗိုလ်မှူးတယောက်အပါဝင် ၃ ဦးသေဆုံးခဲ့တယ်လို့ သိရပါတယ်။

စာတည်း – 007

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။