ဘုတလင်က မီးဘေးရှောင် ၃၀၀ ကျော်ကို PDF က စားနပ်ရိက္ခာထောက်ပံ့

0 0
0 0

စစ်ကိုင်း၊ မေ ၃၁၊ ၂၀၂၃။

စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်၊ ဆုံကုန်ကျေးရွာကို စစ်တပ်က မီးရှို့ခဲ့တာကြောင့် ရွာကနေ တိမ်းရှောင်ပြီး တောစပ်တနေရာမှာ တဲထိုးနေကြရတဲ့ မီးဘေးရှောင် ၃၀၀ ကျော်အတွက် စားနပ်ရိက္ခာ၊ အဝတ်အထည်တွေကို မေလ ၃၁ ရက် ဒီမနက် ၇ နာရီလောက်မှာ ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက ထောက်ပံ့လှူဒါန်းပေးခဲ့တယ်လို့ သိရပါတယ်။

အိမ်ခြေ ၃၀၀ ခန့်ရှိ ဆုံကုန်ကျေးရွာကို မေလ ၂၈ ရက်မှာ စစ်အုပ်စုက မီးရှို့ခဲ့တာကြောင့် လူနေအိမ် ၂၀၀ ခန့်ပျက်စီးသွားခဲ့ပြီး ဒေသခံတွေမှာ ခုလိုတိမ်းရှောင်နေကြရတာလို့ ဇာမဏီပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ ခေါင်းဆောင်ကပြောပါတယ်။

ပုံစာ – မေလ ၂၈ ရက်မှာ ဆုံကုန်ရွာကို စစ်တပ်က မီးရှို့ဖျက်ဆီးစဉ်။

“နေအိမ်တွေပြာကျသွားတဲ့ သူတွေကတော့ ရွာထဲမှာ မနေကြတော့ဘူး။ ရွာမှာက မီးမလောင်သွားတဲ့ အိမ်သားတွေ တချို့ပဲနေကြတယ်။ ကျနော်တို့က မီးဘးသင့်တွေကို စောင့်ရှောက်ပေးထားတယ်။ ဒီနေ့ဆိုရင် ဆန်၊ ဆီ၊ ဆားကအစပေါ့၊ အဝတ်အထည်တွေကို ကျနော်တို့တတ်နိုင်တဲ့ငွေနဲ့ ဝယ်ယူပြီး လှူပေးပါတယ်”လို့ ဆိုပါတယ်။

လှူဒါန်းခွဲဝေပေးတာကိုတော့ ဆုံကုန်ကျေးရွာရဲ့ စာသင်ကျောင်ထဲမှာ ပြုလုပ်ခဲ့တာဖြစ်ပြီး တအိမ်ထောင်ကို ဆန်၂ ပြည်နှုန်းစီ ခွဲဝေပေးခဲ့ကာ စုစုပေါင်းလှူဒါန်းပေးတဲ့ ပစ္စည်းတွေရဲ့ ကုန်ကျစရိတ်ကတော့ ငွေကျပ်သိန်း ၃၀ ခန့်ရှိတယ်လို့ သူက ဆက်ပြောပါတယ်။

ပုံစာ – မေလ ၂၈ ရက်မှာ ဆုံကုန်ရွာကို စစ်တပ်က မီးရှို့ဖျက်ဆီးစဉ်။

ဆုံကုန်ကျေးရွာအနီးပတ်ဝန်းကျင်မှာ မေလ ၃၁ ရက် ဒီနေ့အထိ စစ်ကောင်စီစစ်ကြောင်းတခုက စစ်ကြောင်းထိုး လှုပ်ရှားနေသေးတာကြောင့် ဒေသခံတွေဟာပြည်သူတွေဟာ ကျေးရွာထဲမနေရဲကြဘဲ တောထဲမှာနေနေကြရတာလည်းဖြစ်ပါတယ်။

လက်ရှိမီးဘေးရှောင်ပြည်သူတွေထဲက ကလေး ၁၀ ဦးကျော်ဟာ နှာစေးချောင်းဆိုးကာ ဖျားနေကြတာကြောင့် ဇာမဏီပြည်သူ့ကာကွယ်ရေးအဖွဲ့က ဆေးကုသမှုပေးထားရပြီး၊ ဆေးဝါးနဲ့ တခြားပစ္စည်းတွေလည်း လိုအပ်နေသေးတဲ့အတွက် မိဘပြည်သူတွေအနေနဲ့ ကူညီလှူဒါန်းပေးကြဖို့ကိုလည်း ဇာမဏီပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ခေါင်းဆောင်က ပြောပါတယ်။

စာတည်း – လင်း

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။