⁨ဖြူးက စစ်တပ်သတင်းပေးဆိုသူအမျိုးသား ပစ်သတ်ခံရ

0 18
0 18

မြေလတ်အသံ၊ ဇန်နဝါရီ ၈၊ ၂၀၂၆။

ပဲခူးတိုင်း၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်မှာ စစ်ကော်မရှင်တပ်ကို သတင်းပေးလုပ်နေသူ အမျိုးသား ၁ ဦး သေနတ်ပစ်ခံရပြီး သေဆုံးခဲ့တယ်လို့ ဖြူးမြို့နယ်ပကဖထံက သိရပါတယ်။

အသတ်ခံရသူမှာ ညောင်ပင်သာမြို့၊ ဇေယျာသီရိ ၉ လမ်းမှာနေထိုင်တဲ့ ဦးထွန်းဝင်း ဖြစ်ပြီး ဖြူးမြို့အခြေစိုက် ခလရ ၅ တပ်ရင်းအနီး သီရိဝေ ဘီယာဆိုင်မှာ ဘီယာသောက်နေချိန် ဇန်နဝါရီ ၆ ရက် ညနေ ၃ နာရီကျော်မှာ ဝင်ရောက်ပစ်ခတ်ခဲ့တာလို့ ဆိုပါတယ်။

“ထွန်းဝင်းက စကစအရာရှိတွေနဲ့ ပေါင်းပါတယ်။ လက်ပစ်ဗုံးရှိပါတယ်။ ပြည်သူတွေကို အိတ်ထဲမှာ သေနတ်ပါတယ်လို့ အမြဲခြိမ်းခြောက်နေသူပါ။ သူက အရာရှိတွေနဲ့ပေါင်းတော့ လူတိုင်းကြောက်နေရတာပါ။”လို့ ဖြူးမြို့နယ်ပကဖတာဝန်ခံက မြေလတ်အသံကို ပြောပါတယ်။

ဦးထွန်းဝင်း ဘီယာသောက်နေတဲ့ သီရိဝေဆိုင်ဟာ ခလရ ၅ တပ်ရင်းနဲ့ အမြန်လမ်းမကြီးပေါ်ရှိ စိမ့်ကြီးဂိတ် စစ်ကော်မရှင်စခန်းအကြားမှာရှိတာကြောင့် အမြန်လှုပ်ရှားခဲ့ရတယ်လို့ ဆိုပါတယ်။

ဦးထွန်း​ဝင်းဟာ ၂၀၂၁ စစ်အာဏာသိမ်းချိန်ကစတင်ပြီး လက်ရှိအချိန်ထိ စစ်ကော်မရှင်တပ်ရဲ့ အရာရှိတွေနဲ့ပူးပေါင်းကာ သစ်မှောင်ခိုလုပ်ငန်းကို လုပ်ကိုင်ရင်း ပဲခူးရိုးမရှိတော်လှန်ရေးအဖွဲ့တွေရဲ့ သတင်းကိုစုံစမ်းကာ သတင်းပေးလုပ်နေသူတဦးဖြစ်တယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာ ၂၅ ရက်မှာလည်း ရေတာရှည်မြို့နယ်၊ ဆွာမြို့နယ်ရှိ စစ်စခန်းတွေနဲ့ မဲရုံထားရှိမယ့် အုပ်ချုပ်ရေးမှူးရုံးတွေ တိုက်ခိုက်ခံခဲ့ရပါသေးတယ်။

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။