စစ်သားစုဆောင်းပေးနေတဲ့ အမျိုးသား ၁ ဦး အသတ်ခံရ

0 1
0 1

ပဲခူး၊ ဖေဖော်ဝါရီ ၁၃၊ ၂၀၂၅။

ပဲခူးတိုင်းအနောက်ခြမ်း၊ ကြို့ပင်ကောက်မြို့နယ်မှာ စစ်ကောင်စီအတွက် စစ်သားစုဆောင်းပေးနေတဲ့ အမျိုးသား ၁ ဦး ပစ်ခတ်ခံရပြီးသေဆုံးခဲ့တယ်လို့ BTZM GBK PDF က ဖေဖော်ဝါရီ ၁၃ မှာ သတင်းထုတ်ပြန်ပါတယ်။

ပစ်ခတ်ခံရသူဟာ ကြို့ပင်ကောက်မြို့နယ်၊ ကျခတ္တန်းကြီးရွာက အသက် ၅၀ အရွယ် ကိုကံဝင်းဖြစ်ပြီး ဖေဖော်ဝါရီလ ၁၁ ရက်‌ ညနေ ၄ နာရီလောက်မှာ BTZM GBK PDF တပ်ဖွဲ့ဝင်တွေက သေနတ်နဲ့ ပစ်သတ်ခဲ့တာလို့ ဆိုပါတယ်။

“သူက ရွာထိပ်အရက်ဆိုင်ကို အမြဲတမ်းလာနေကျ။ အပြင်ဆွဲထုတ်ပြီး လမ်းပေါ်မှာပဲရှင်းလင်း လိုက်တာပါ။ သူက အရင်တုန်းကတော့ ရှောင်နေတာ။ အခုက ပြန်ရောက်နေတယ်ဆိုတာ အတိအကျသတင်းရလို့ တွေ့တဲ့အချိန်မှာ ရှင်းလင်းလိုက်တာ။” လို့ BTZM GBK PDF ရဲ့ တာဝန်ခံကိုတေဇမင်းက ပြောပါတယ်။

ပစ်ခတ်ခံရတဲ့နေ့မှာပဲ ရဲတွေက အလောင်းကိုကြို့ပင်ကောက်မြို့ဘက်ကိုသယ်သွားတယ်လို့ သိရပါတယ်။

ကိုကံဝင်းဟာ စစ်သားသစ်စုဆောင်းတာ စစ်ကောင်စီလက်အောက်ခံမီဒီယာတွေနဲ့ပေါင်းပြီး ဝါဒဖြန့်တာ၊ စစ်ကောင်စီကျင်းပမယ့် ရွေးကောက်ပွဲအတွက် ကူညီတာတွေလုပ်နေတဲ့အတွက် ခုလိုပစ်ခတ်ခဲ့တာလို့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီ ၁၁ ရက်ညနေကလည်း BTZM GBK PDF ရဲ့ အမျိုးသမီးတပ်ဖွဲ့ဝင်တွေက ဇီးကုန်းမြို့နယ်၊ မီးကောက်ပင်အုပ်စုအုပ်ချုပ်ရေးမှူး အသက် ၅၀ နှစ်ဝန်းကျင် ကိုမြင့်ထွေးကို သူ့နေအိမ်မှာပဲ သေနတ်နဲ့ပစ်ခတ်ရာ သေဆုံးခဲ့ပါသေးတယ်။

စာတည်း – လင်း

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။