မကွေး၊ စစ်ကိုင်းနဲ့ချင်းကို အားအလွန်ကောင်းသော ဆိုင်ကလုန်းမုန်တိုင်း မိုခါအဖြစ်နဲ့ဆက်လက်တိုက်ခတ်မည်

0 6
0 6

မြေလတ်အသံ၊ မေ ၁၄၊ ၂၀၂၃။

ချင်းပြည်နယ်၊ မကွေးတိုင်းနဲ့ စစ်ကိုင်းတိုင်းအတွင်းကို အလွန်အားကောင်းတဲ့ဆိုင်းကလုန်းမုန်တိုင်း “မိုခါ” အဖြစ်နဲ့ မေလ ၁၄ ရက်ဒီနေ့ညပိုင်းနဲ့ မနက်ဖြန် မေလ ၁၅ ရက် မနက်ပိုင်းတွေမှာ ဆက်လက်ဝင်ရောက်တိုက်ခတ်မယ်လို့ မိုးဇလဌာနနဲ့ ပြင်ပမိုးလေဝသပညာရှင်တွေက ဒီကနေ့ညနေပိုင်းမှာ ခန့်မှန်းထုတ်ပြန်ထားပါတယ်။

မုန်တိုင်းဝင်ရောက် တိုက်ခတ်ချိန်မှာ ချင်းပြည်နယ်၊ မကွေး၊ စစ်ကိုင်းနဲ့ မန္တလေးတိုင်းအတွင်းဒေသတွေမှာ ၁ နာရီကို မိုင် ၆၀ ကနေ ၇၀ အထိ တိုက်ခတ်နိုင်ပြီး မိုးကြီးတာ၊ ရုတ်တရက်ရေကြီးတာနဲ့အတူ မြေပြိုတာတွေဖြစ်ပေါ်လာနိုင်တယ်လို့ သတိပေးဖော်ပြထားပါတယ်။

မိုးလေဝသခန့်မှန်းပညာရှင် ဦးဝင်းနိုင်ကလည်း မိုခါမုန်တိုင်းဟာ စစ်ကိုင်းတိုင်းအနောက်ပိုင်းနဲ့အလယ်ပိုင်းကို ဒီကနေ့ည ၁၀ နာရီကနေ ၁၂ နာရီအကြားမှာ ဖြတ်သန်းမှာဖြစ်ပြီး လေတိုက်နှုန်း ၁ နာရီ မိုင် ၇၀ နှုန်းရှိမယ်လို့ သူ့ရဲ့လူမှုကွန်ယက်စာမျက်နှာမှာ သတိပေးဖော်ပြထားပါတယ်။

လက်ရှိမှာ မုန်တိုင်းမိုးသည်းထန်စွာရွာသွန်းနေလို့ မကွေးတိုင်းနဲ့ မန္တလေးတိုင်းအတွင်းက မြို့နယ်တချို့မှာ ရေကြီး၊ ရေလျှံမှုတွေဖြစ်ပေါ်နေပြီး ဒေသခံတွေဘေးလွတ်ရာကိုရွှေ့ပြောင်းနေကြရပါတယ်။

“မနေ့ကတည်းက မိုးကဆက်တိုက်ရွာနေလို့ ဒီမန်းချောင်း၊ စလင်းချောင်းတွေမှာ ရေလျှံလာလို့ အိမ်တွေကို ရေဝင်လာတာတွေရှိတယ်။ ဆည်ရေတွေလည်းတိုးလာတာ အမြင့်ဆုံးရေမှတ်နားကပ်နေပြီ။ ရုတ်တရက်ရေကြီးတာတွေ ဖြစ်လာရင် ချောင်းရိုးတွေတလျှောက်ကရွာတွေတော့ အန္တရာယ်ရှိတယ်” လို့ မင်းဘူးခရိုင်အတွင်းမှ ဌာနဆိုင်ရာဝန်ထမ်းတဦးက မြေလတ်အသံကိုပြောပါတယ်။

ဒီကနေ့ မေလ ၁၄ ရက်မနက်ပိုင်းက ရခိုင်ကမ်းရိုးတန်းကနေ စတင်ဝင်ရောက်တိုက်ခတ်လာတဲ့ အလွန့်အလွန်အားကောင်းသောဆိုင်ကလုန်းမုန်တိုင်း “မိုခါ” ကြောင့် တနိုင်ငံလုံးအတိုင်းအတာနဲ့ မိုးသက်လေပြင်းကျတာ၊ ရေကြီး၊ရေလျှံတာတွေ ဖြစ်ပေါ်လာနိုင်တယ်လို့ မိုးဇလဌာနက သတိပေးထုတ်ပြန်ထားပါတယ်။

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။