ဗန်းမောက်က စစ်ရှောင်စခန်း ၁၉ ခုကို KNF ရိက္ခာထောက်ပံ့

0 4
0 4

မြေလတ်အသံ၊ ဒီဇင်ဘာ ၁၄၊၂၀၂၅။

တိုက်ပွဲတွေပြင်းထန်နေတဲ့ စစ်ကိုင်းတိုင်း၊ ဗန်းမောက်မြို့နယ်ရှိ စစ်ဘေးရှောင်စခန်း ၁၉ ခုကို ဆန် နဲ့ စောင်တွေအပါအဝင် လိုအပ်တဲ့ပစ္စည်းတွေကို ကူညီထောက်ပံ့ပေးခဲ့တယ်လို့ ကနန်းအမျိုးသားအင်အားစု – KNF ဆီကသိရပါတယ်။

ကနန်းပြည်သူလူထုနဲ့ ဆရာတော်၊ သံဃာတော်တွေပူးပေါင်းပြီးလှူဒါန်းတဲ့ ဆန်တင်းရေ ၂၀၀၊ ငွေသားသိန်း ၂၀ ကျပ်၊ စောင်အထည် ၁၅၀ နဲ့ အိုး၊ ခွက် အသုံးအဆောင်အချို့ကို စစ်ရှောင်စခန်းတခုချင်းက လူဦးရေအပေါ်မူတည်ပြီး ထောက်ပံ့ပေးခဲ့တာလို့ဆိုပါတယ်။

“စခန်း ၁ ခုနဲ့ ၁ ခု မကွာဘူး။ အများအားဖြင့် လူဦးရေ ၁၀၀ နဲ့ ၅၀ ကြားရှိကြတယ်။ ဗန်းမောက်ဆိုတာ ကဒူး၊ ကနန်း၊ ရှမ်းတွေနေထိုင်ရာဒေသဖြစ်တယ်။ တဦးခက်ခဲရင် တဦးကကူညီရမယ်ဆိုတဲ့ ညီ အစ်ကိုစိတ်နဲ့ပါ။ ကနန်းပြည်သူလူထုက ချမ်းသာကြွယ်ဝကြလို့ မဟုတ်ပါဘူး။ ကိုယ့်စားမယ့်ထဲက ဝက်ပြီးလှူဒါန်းကြတာပါ။ ကျနော်တို့ ကနန်းလူမျိုးက ကိုယ်ငတ်ရင်တောင် တပါးသူကိုဦးစားပေးတဲ့ လူမျိုးပါ” ကနန်းအမျိုးသားအင်အားစု – KNF ဥက္ကဌ ဦးအမ်တွန်က ပြောပါတယ်။

အဆိုပါထောက်ပံ့ကူညီမှုကို ကနန်းအမျိုးသားအင်အားစု – KNF ဥက္ကဌ ဦးအမ်တွန် ဦးဆောင်ပြီး ဗန်းမောက်မြို့နယ်ရဲ့ ပအဖမှလူသားစာနာအဖွဲ့၊ အရပ်ဖက်အဖွဲ့အစည်းတွေရဲ့အကူအညီနဲ့ ဒီဇင်ဘာ ၉ ရက်ကနေ ၁၁ ရက်အထိ စစ်ရှောင်စခန်းတွေဆီကိုသွားရောက်ကာ ထောက်ပံ့ပေးခဲ့တာလို့ ဦးအမ်တွန်က ပြောပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၄ နှစ်စပိုင်းကလည်း ဗန်းမောက်မြို့နယ်၊ အနောက်ခြမ်းရှိ လူဦးရေ ၁၀၀ ကျော်ရှိတဲ့ စစ်ဘေးရှောင်စခန်း ၁ ခုကိုလည်း ဆန်နဲ့ စားသောက်ကုန်ပစ္စည်းတွေကို ပထမအကြိမ် ထောက်ပံ့ပေးခဲ့တယ်လို့ သူကဆိုပါတယ်။

ဗန်းမောက်မြို့နယ်မှာ မြို့သိမ်းတိုက်ပွဲအတွင်းတိမ်းရှောင်ကြရတဲ့ စစ်ရှောင် ၄,၀၀၀ ခန့်နဲ့ မြို့သိမ်းတိုက်ပွဲမဖြစ်မီကတည်းက တိမ်းရှောင်နေကြရတဲ့ စစ်ရှောင် ၂,၀၀၀ ခန့်တို့ဟာ ဇရပ်၊ စာသင်ကျောင်း၊ ဘုန်းတော်ကြီးကျောင်းနဲ့ တောတွေထဲမှာ တဲထိုးပြီးဖြစ်သလို ခိုလှုံနေကြရတာကြောင့် ကလေးတွေနဲ့ သက်ကြီးရွယ်အိုတွအတွက် ဓာတ်ဆား၊ ဆေး၊ အိပ်ယာခင်းတွေလည်း လိုအပ်နေကြတယ်လို့ ကူညီဆောင်ရွက်ပေးနေကြသူတွေဆီက သိရပါတယ်။

အဆိုပါစစ်ရှောင် ၆,၀၀၀ ခန့်ဟာ ဗန်းမောက်မြို့ပေါ်ရှိ ရပ်ကွက် ၄ ခု၊ မြို့နဲ့ ၁၀ မိုင်ခန့်ကွာဝေးတဲ့ ကျေးရွာ ၂၅ ရွာက ဒေသခံပြည်သူတွေဖြစ်ကြတယ်လို့ သိရပါတယ်။

စာတည်း – လင်း

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။